အပိုင်း(၁၁)

13.7K 1.6K 510
                                    

"အဲ့မှာပြန်တွေ့တာပဲ..ချစ်ဖို့ကောင်းတယ်
သူက တော်တော်လေးဆန်းဆန်းကြယ်ကြယ်
ကိုလှတာကွာ..."

"ဂုဏ်ယူပါတယ် တွေ့မှပဲ ငါတို့လည်းဘာမှသိတာ
မရှိတဲ့လူကိုရှာရတာအရူးကြီးတွေကျ..."

"ဒီနေ့ Jungkook Hyungဆီသွားရင်တော့
အလုပ်လုပ်ရင်း သူ့အကြောင်းလေးစပ်စုကြည့်ရ
မယ်...စစတွေ့ချင်းကိုသူများအကြောင်းမေးရတာ
မကောင်းလ်ို့ တွေ့တဲ့နေ့ကမနည်းကိုမြိုသိပ်လာရတာ..."

Rioသည် ခင်မင်ရသောသူငယ်ချင်းတချိူ့နဲ့
ဇိမ်ကျပြီးစျေးကြီးသည့်Dinnerတစ်ခုဖန်တီးကာ
သူရဲ့ပျော်ရွှင်ခြင်းတွေကို တက်ကြွစွာဖွင့်ဟပြနေသည်။

"သူက JeonJungkook နဲ့ဘာတော်တာလဲ..."

"သူငယ်ချင်းတွေလို့ထင်တယ်...အဲ့နေ့ကစကား
ပြောတာ နည်းနည်းရင်းနှီးတာကြာတဲ့ဘော်ဒါတွေ
လိုပဲ ဘယ်လိုနေနေပါ Jungkook Hyungကလည်း
သဘောကောင်းတယ် အကူအညီတောင်တောင်းလို့
တောင်ရနိုင်တယ်..."

"အေးပါ မင်းအိုကေရင်ငါတို့ကကြည့်နေရုံပါပဲ"

"အေးဆေးပါသူငယ်ချင်းတို့
Rio ဘဝမှာ မရခဲ့ဘူး ဆိုတာ ဘယ်နှခါများရှိလို့..."

Rioဘဝမှာမရခဲ့တာဘာမှမရှိခဲ့ပါဘူး။Rioဟာ
ရွယ်တူတန်းတူတွေစိတ်ကူးလို့ပင်သိပ်မလွယ်လှ
တဲ့အဆောင်အယောင်တွေ ချမ်းသာကြွယ်ဝမှု
တွေ အလိုလိုက်ခံရမှုတွေနဲ ကြီးပြင်းလာရသူမို့
Rioကလောကကို လွယ်ကူတဲ့ပုံသေနည်းနဲ့ပဲ
တွက်ချက်တတ်တဲ့သူဖြစ်ခဲ့သည်။

"ကားတွေ ဇိမ်ခံတိုက်ခန်းတွေ လို သက်မဲ့အရာ
တွေမဟုတ်ဘဲ ခံစားချက်ဖြစ်နေလို့ မင်းရခဲ့တဲ့
အရာတွေနဲ့တော့ တစ်တန်းထဲသွားမထားစေချင်ဘူး
အချစ်ကို ပိုက်ဆံနဲ့ဖန်တီးယူလို့မရဘူး Rio"

"မသိဘူး....သူ့ကိုတော့ ရမှကိုဖြစ်မှာ....
မနက်ဖြန် သီချင်းကိစ္စစောစောသွားမယ်
အလုပ်မြန်မြန်လုပ်ပြီး Jungkook Hyungကို
မေးဖို့ စိတ်အရမ်းလှုပ်ရှားနေပြီ အဆင်ပြေရင်
ဖုန်းနံပါတ်လေးပါတောင်း ...အိမ်လိပ်စာပါတောင်း
ပြီးအရမ်းလှုပ်ရှားချင်နေပြီ...."

အက်ကြောင်းကဗျာ🍂Opowieści tętniące życiem. Odkryj je teraz