"ငါ့မိဘကိုထည့်မပြောနဲ့....""မင်းတို့မိသားစုကငွေမမက်လို့လား...
ဒါပေမယ့်မင်းမက်တဲ့
ပုံစံကမင်းအမေထက်ပိုပြီးရှက်စရာကောင်းနေတယ်ParkJimin.."အသက်ရှုသံတွေပြင်းထန်လာပြီးနှလုံးခုန်သံ
မြန်ဆန်လာကာချွေးတွေပြန်လာသည်။
Jiminနှုတ်ခမ်းတွေဖြူဖျော့လာပေမယ့်
Jeonကိုတန်ပြန်ကြည့်နေသောမျက်လုံးတွေ
သည်ရဲရဲတင်းတင်းပဲ။အဲ့တာကJeonJungkook။သူသိပ်စိတ်ကုန်ခဲ့တဲ့
JeonJungkookပဲ။ငွေသာမက်ခဲ့ရင်ဆည်းစိမ်
တွေအပေါ်မှာသာယာချင်ခဲ့ရင်မင်းလိုကောင်မျိုး
ကို၇နှစ်လုံးလုံးဒူးထောက်ခယချော့မော့ဝဋ်ခံမနေခဲ့
ဘူးလို့ပြန်ပြောမိရင်လည်းသူ့ဘဝကိုနှိမ်တယ်ဟု
ဇာတ်နာပြဦးမယ့်လူ။"ရှက်စရာကောင်းနေရင်ထွက်သွားလိုက်လေ
ထွက်သွားလိုက်....မင်းကိုဘယ်သူကခေါ်
လိုက်လို့ရောက်လာတာလဲ..""ParkJimin!!!!"
"ငါမင်းကိုလမ်းခွဲနေတာကြာပြီ
အဲ့တာတွေကအားနေလို့ပျင်းနေလို့
ပြောနေတယ်ထင်လို့လား စိတ်ကုန်လို့
စိတ်ပျက်လို့ မချစ်တော့လို့ ပြောနေတာ
အတည်ပါ JeonJungkookရဲ့
အတိအလင်းကိုငါပြောနေခဲ့တာပါ...""ဖောက်ပြန်ချင်လာလို့
စိတ်ကုန်စိတ်ပျက်မှုလို့ခေါင်းစဉ်တပ်ခဲ့တာပါ
စိတ်ကုန် စိတ်ပျက်ရအောင်
ငါဘာများလုပ်ခဲ့လို့လဲ...ငါဘာမှမလုပ်ဘူး
ငါ့အလုပ်ငါလုပ်ပြီး ငါ့ဘဝအစီအစဉ်တွေ
အတွက်ပဲငါကြိုးစားခဲ့တဲ့ကောင်""အဲ့တာဆိုလည်းကြိုးစားနေလိုက်လေ..
ငါ့ကိုလာမပတ်သတ်နဲ့
ငါဘာလုပ်လုပ်မင်းနဲ့ဘာမှကိုမဆိုင်ဘူး
မင်းကိုငါမချစ်ဘူး လုံးဝမချစ်တော့ဘူး
မင်းနဲ့ပတ်သတ်ပြီးငါ့ဆီမှာဘာမှမရှိတော့ဘူး!!!""မပြောနဲ့!!!!"
"ပြောမယ် !!
ငါမင်းနဲ့ပြီးပြတ်ချင်တယ်JeonJungkook!!!
မင်းကလေ...ဘာနဲ့မှထည့်တွေးပေးလ်ို့မရအောင်
ဖြည့်တွေးပေးလ်ို့မရအောင် အတ္တကြီးလွန်းလို့
ရှောင်ပါရစေ ငါရှောင်လ်ိုက်ပါရစေ...""မင်း...ပါးစပ်ကိုပိတ်ထားစမ်း..."
နာကျင်လွန်းလို့ပါ။မကြားနိုင်လွန်းလို့
အသံဆက်မထွက်နိုင်တော့အောင်
လည်တိုင်ဆီရောက်သွားသော
Jeonရဲ့လက်တွေ။