June, 1995 .
အစိမ်းပုပ်ရောင်ဂျစ်ကားတစ်စီးက မြင်
မြင်သမျှ စိမ်းညို့နေတဲ့ ပတ်ဝန်းကျင်ထဲ ဖြည်းဖြည်းမှန်မှန်မောင်းဝင်လာတယ်။ ရှောင်းကျန့် ကားပြတင်းဘောင်ပေါ် လက်တင်ရင်း တိတ်တဆိတ်ငေးမောနေရာကနေ ကားကရုတ်တရက် ချိုးကွေ့လိုက်ချိန်မှာတော့ ဖုန်ထုဖွေးဖွေးဟာ အလုံးအရင်းဝင်ရောက်လာပါတော့တယ်။ဒါကိုက ရှောင်းကျန့် ရဲ့နဂိုစိတ်မကြည်လင်မှုကို နှိုးဆွပေးလိုက်သလိုပါပဲ။"အဟွတ်...အဟွတ်..."
"ရရဲ့လား...ကိုယ့်မှာ လက်ကိုင်ပဝါပါတယ်...အင့်..."
ဖုန်မှုန့်တွေ လည်ချောင်းထဲလျှောခနဲဝင်လာတာမို့ ချောင်းပါဆိုးတဲ့အထိ။အသံဩရှရှနဲ့အတူ စတီယာရင်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်ရင်း ဂျာကင်အင်္ကျီကြားကနေ ဆွဲထုတ်ပေးလာတဲ့ ယောကျ္ားကိုင် အကွက်ကျဲကျဲ လက်ကိုင်ပဝါက ပြာဖျော့ဖျော့နဲ့ရယ်။တိတိပပညှပ်ထားတဲ့ လက်သည်းခွံကြည်ကြည်နဲ့ လက်ချောင်းသွယ်တွေကို ဖျတ်ခနဲတစ်ချက်ငေးပြီးတာနဲ့ ရှောင်းကျန့် အကြည့်လွှဲလိုက်တယ်။
ဖုန်ထူထူကို အန်တုဖို့ လက်ချောင်းတွေနဲ့
ဖိအုပ်ထားရတာ ရှောင်းကျန့် နှာခေါင်းထိပ်ကလေးတောင် ပိပြားခါနီးနေပြီမို့ တစ်ဖက်က ကမ်းပေးထားတဲ့ လက်ကိုင်ပဝါကို ဆတ်ခနဲဆွဲယူလိုက်ပါတယ်။ နောက်တော့ နှာခေါင်းလုံးလုံးလေးပေါ် ဖွဖွအုပ်ပစ်လိုက်တာပဲ။ခဏအတွင်းမှာ ဖုန်နံ့တို့ကင်းစင်သွားပြီဖြစ်သလို ပရုတ်လုံးနံ့သင်းသင်းကိုပါ ရရှိလိုက်ပါတယ်။ဆီလိမ်းထားတဲ့ ရှောင်းကျန့် ဆံပင်တွေလည်း ခုလောက်ဆို ဖုန်တွေကပ်နေလောက်ရောပေါ့။ အတွေးနဲ့အတူ ဆံပင်တိုကပ်ကပ်တွေဆီ လက်ချောင်းသွယ်တွေနဲ့ ထိုးဖွလိုက်တဲ့အခါ မာကျစ်ကျစ်နဲ့ ခပ်တောင့်တောင့်ဖြစ်နေလေရဲ့။ဖုန်တွေက မျက်လုံးထဲထိဝင်ချင်လာတာမို့ ရှောင်းကျန့်ခမျာ မျက်လုံးတောင် သေချာမဖွင့်ရဲ။
ခရီးစဥ္တစ်လျှောက်လုံးတိတ်ဆိတ်နေတဲ့ ကားမောင်းသူဆီ မျက်လုံးစွေပြီး ခိုးကြည့်လိုက်တော့ ခပ်ပျော့ပျော့ဦးထုပ်ဝိုင်းဆောင်းထားတာမို့ ဆံပင်ကိစ္စစိတ်ပူစရာလိုမယ့်ပုံတော့ ပေါ်မနေ။ ဇီးညိုရောင် နေကာမျက္မှန်ပါတပ်ထားသေးတာမို့ ဖုန်ဒဏ်ကိုလည်း ကာကွယ်ပြီးသားဖြစ်နေလေရဲ့။ရှောင်းကျန့်မှာသာ တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်းကပ်ပြီး လူရုပ်မပေါ်တော့ဘဲ ဖြစ်နေတော့မှာရယ်။
YOU ARE READING
Together For A Day(Completed)
Fanfic"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."