စိမ့်စမ်းရေ(Arc -1.1)

19.9K 1.4K 39
                                    

<Unicode>
"ချာတိတ် ခနလေး"

သက်ပိုင်သူ့ရှေ့ကလုံးလုံးလေးကိုအော်ခေါ်နေပေမယ့်ဟိုကလှည့်တောင်မကြည့်ပေ။

"ချာတိတ်!"

ခေါ်မရတဲ့အဆုံးအမှီပြေးလိုက်ကာလက်ကိုဆွဲလိုက်တော့...

"ခဗျား ဆွဲလားရမ်းလားနဲ့ဘာလုပ်တာလဲ!"

"ကိုယ်ခေါ်နေတာ ချာတိတ်မှမကြားတာ"

"ငါ့နာမည်ချာတိတ်မဟုတ်ဘူး စိမ့်စမ်းရေ"

"စိမ့်လား"

"ဆိမ့်တယ် ရှယ်ပဲ"

"ကိုယ်မေးတာ စိမ့်စမ်းရေဟုတ်တယ်မလားလို့"

"အဟမ်း!ဟုတ်တယ်"

"ကိုယ့်နာမည်က.."

"မသိချင်ဘူး အားမနေဘူး လက်ကိုလွှတ် မဟုတ်ရင်ခဗျားညမနဲ့ပွဲအဆက်ကခဗျားနဲ့ဖြစ်သွားမယ်"

လက်ကိုဆောင့်ရုန်းကာထွက်သွားတဲ့ကောင်လေးကိုကြည့်ပီးသက်ပိုင်ပြုံးလိုက်မိသည်။

*စပ်စပ်ထိမခံတာလေးကိုကချစ်စရာလေးကွာ*

•••••••

(hostရယ်နောက်ကကျားလိုက်လာလို့လား အဲ့လောက်မြန်မြန်လျှောက်နေတာ)

(မင်းမသိပါဘူး)

စိမ့်စမ်းတကိုယ်လုံးအေးစက်ကာအဖျားတက်ချင်နေသလိုလို အအေးမိသလိုလိုဖြစ်နေသည်။ခုနကလူသူ့လက်ကိုလာဆွဲတော့မှအဲ့လိုဖြစ်သွားတာ။ရင်ထဲဖိုးသိုးဖက်သက်နဲ့ တမျိုးကြီး။

*ဘုရားရေ ငါကွေးသွားတာလား မဖြစ်နိုင်တာ ငါကအဖြောင့်!ရာသက်ပန်အဖြောင့်!*

(hostဇာတ်လိုက်မကhostကိုအငြိုးထားလိုက်ပါပီ)

(သူ့ဘာသာအညှိုးပဲထားထား အလန်းပဲထားထားဂရုမစိုက်ဘူး ခုတော့ကျောင်းပြေးပီးလျှောက်သွားရမယ် ဝါး ဟား ဟား)

(ကျွတ် ကျွတ် ခုခေတ်လူငယ်တေများမလွယ်လိုက်တာနော် ဟင်းး ကန်တော်ကြီးသွားကြမယ်host)

(လက်ဂိုး!!)

>>>>>>>>

နောက်တစ်နေ့.....

စာသင်ခန်းထဲတွင်နောက်ဆုံးခုံမှာထိုင်ပီးသမိုင်းဆရာအားအလေးပြုနေတဲ့စိမ့်စမ်းရေ။စာရှင်းပြနေတဲ့အသံကသူ့များချော့သိပ်နေသလိုပင်။

System HeyHey(Completed)Where stories live. Discover now