System Space

13K 935 6
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် hostရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -60

တတ်မြောက်မှုပညာ -ရိုးရာအက၊စက်ပစ္စည်း၊ဖက်ရှင်

(နောက်ကမ္ဘာအတွက်သင်စရာက အိမ်မှုကိစ္စပါ)

(ဘာလုပ်ရမှာလဲ အဲ့တာက ငါ့လူကြီးချက်ကျွေးမှာပေါ့  သန့်ရှင်းရေးလဲသူပဲလုပ်လိမ့်မယ် သူကပြောတယ် ငါ့ရဲ့လက်လေးတေကသူ့ကိုပွေ့ဖက်ဖို့အတွက်ပဲသုံးပေးပါတဲ့ ဟိဟိ)

(ငါ့ကိုhostလဲပေးကြပါ အီးဟီး)

(ဒါလေးပြောပြတာကို)

(hostလင်လုပ်ပေးလို့ရတယ်ဆိုတိုင်း မသင်လို့မရဘူး ဒါကsystemကပေးတဲ့သင်ကြားမှုတေအကုန်ယူရမှာ)

(အဲ့လိုကြီးလား)

(အဲ့လိုကြီးပဲ သွား!ရှေ့တံခါးပေါက်ကနေဝင်သွားပါ)

(ပီးရော ပီးရော!)

3နှစ်ခန့်ကြာသော်...

(ငါပြန်လာပီ)

(နောက်ကမ္ဘာပို့ရတော့မလားဗျ)

(ပို့တော့)

(ဟုတ်)

စတင်ပို့ဆောင်နေပါပီ 3.2.1

"လဝန်း!ဟဲ့အကောင် သေနေပီလား! လာခဲ့စမ်း ဒီကို!"

(hostကိုခေါ်နေတာ သွားမြန်မြန်)

(ဟမ် အေး)

သူလဲအသံကြားရာဧည့်ခန်းဆီသို့သွားလိုက်တော့မိန်းမကြီးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ထိုင်နေသည်။

"ဟော် ဟိုမှာလာပီကြည့်ကြည့်လိုက်"

ထိုမိန်းမကြီးကပြောလိုက်တော့ကောင်မလေးကသူ့ကိုလှည့်ကြည့်ပီး...

"အမလေးသရဲ!!!"

"အား!ဘယ်မှာလဲ သရဲ!"

"ဟဲ့အကောင်!ဘာတေအော်နေတာလဲ အဲ့တာနင့်ကိုပြောနေတာ!"

"ဟမ်?"

သူလဲဘေးဘီကိုဝေ့ကြည့်လိုက်တော့နံရံမှာကပ်ထားတဲ့မှန်ဆီအကြည့်ရောက်သွားတော့မြင်လိုက်ရတဲ့သူ့ပုံကြောင့်ထခုန်မိမတတ်လန့်သွားတော့သည်။

*ဘာလဲဟ!ဒါ ဒါငါ့ရုပ်ကြီးလား!*

မှန်ထဲကကောင်လေးမှာဆံပင်ကောက်ကောက်နဲ့ သွားကလဲတစ်တောင်လောက်ခေါထွက်နေတယ်။ဝက်ခြံတေကလဲမျက်နှာတစ်ပြင်လုံးအပြည့်။သူရုပ်သူကြည့်ရင်းပင်အန်ချင်လာသည်။

System HeyHey(Completed)Donde viven las historias. Descúbrelo ahora