<Unicode>
"လျှောက်ပြောနေတာ အဲ့အခြောက်ကောင်ကဂျိုးဆက်ကိုသူမရလို့ မစားရတဲ့အမဲသဲနဲ့ပက်တာ!ထွက်သွားစမ်းအခြောက်ကောင်!!!""မေမေ!!!"
ကစ်ကပီရဲ့နောက်ကနေထွက်လာပီးစင်ပေါ်ကနွမ်အားစိုက်ကြည့်ကာ....
"မေမေ ဦးလေးပီကိုပြောစရာမလိုဘူး ဦးလေးပီကသမီးပါးပါးဖြစ်နေပီ မွေးမိခင်ကိုယ်တိုင်တောင်မလိုချင်လို့စွန့်ပစ်သွားတဲ့သမီးကို ပါးပါးကသားသမီးအရင်းလိုစောက်ရှောက်ပေးထားတာ မေမေထက်တောင်သူကမိဘပီသသေးတယ် မေမေကတောင်သမီးဘက်ကိုမကြည့်မှတော့ သမီးလဲစာနာမနေတော့ဘူး"
ထို့နောက်လူအုပ်ထဲကထိုင်နေတဲ့ခပ်ထွားထွားလူကြီးကိုလက်ညှိုးထိုးကာ...
"အဲ့လူနဲ့မေမေက ဖေဖေ့အပေါ်သစ္စာဖောက်နေကြတာ အဲ့လူကြီးကဖေဖေမရှိတိုင်းအိမ်ကိုရောက်လာပီး မေမေနဲ့မဖွယ်မရာလုပ်ကြတယ် သမီးရှေ့တောင်မရှောင်ဘူး"
"ကလေးမ မင်းမဟုတာတေလျှောက်မပြောနဲ့!!!"
ကင်ချိုင်းဆိုသူဟာထိုင်ရာကနေထလာပီးဒေါသတကြီးကစ်အားလက်ရွယ်တော့ပီကရှေ့ကနေကာလိုက်ပီး...
"ငါ့သမီးကိုထိစရာမလိုဘူး!"
"ငါတို့သမီးကိုမထိနဲ့!"
ဇွန်နဲ့ဂျိုးဆက်ကပါပီအနားရောက်လာကြသည်။
"ဖေဖေဆုံးတဲ့နေ့က မေမေနဲ့အဲ့လူကခါတိုင်းလိုပဲအခန်းထဲဝင်နေကြတာ ဖေဖေကရုတ်တရက်ရောက်လာပီးမိသွားတော့ မေမေနဲ့ပြသနာဖြစ်ကြတယ် အဲ့မှာဖေဖေကသမီးကိုခေါ်ပီးထွက်သွားဖို့လုပ်တာ အဲ့တာကို ဟင့် အဲ့တာကို မေမေနဲ့အဲ့လူကသမီးတို့ကားနောက်ကနေလိုက်ပီး သမီးတို့ကားကိုနောက်ကနေအရှိန်နဲ့ဝင်တိုက်တယ် ဖေဖေကအရှိန်မထိန်းနိုင်ပဲကားကသစ်ပင်နဲ့ဝင်တိုက်မိသွားတယ် တကယ်ဆိုအဲ့နေရာမှာသမီးလဲသေသွားမှာ ဒါပေမယ့်ဖေဖေကသမီးကိုမထိခိုက်အောင်ကယ်ပေးခဲ့လို့ ဖေဖေကသေသွားရတာ!"
"လျှောက်ပြောနေတာ အဲ့ကလေးမလျှောက်ပြောနေတာ!"
ကင်ချိုင်းကအခြေနေမဟန်တော့တာသိလို့ပြေးရန်လုပ်တော့ရဲတေကတားဆီးကာလက်ထိပ်ခတ်လိုက်တော့သည်။နွမ်ကတော့ထိုနေရာမှာပဲရပ်ရင်းတုန်လှုပ်နေသည်။
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...