ယောဝန်း(Arc -4.7)

12.3K 976 0
                                    

<Unicode>
ဒွန်ချွန်း pov....

ဒွန်ချွန်းမှာယောဝန်းနဲ့တွေ့နေတုန်းရှိသေး အလုပ်ကဖုန်းဆက်လာတာကြောင့်မသွားချင်ပေမယ့် ယောဝန်းရဲ့နောက်ထပ်ဒီဇိုင်းအကြောင်းလို့ဆိုတာကြောင့်သွားလိုက်ရသည်။ဟိုရောက်ရောက်ချင်းသူနဲ့တွေ့မယ့်လူနဲ့ဘေးမှာပါလာတဲ့မိန်းမကြောင့်စိတ်အလိုမကျဖြစ်သွားရသည်။သူ့ကိုလဲမြင်ရောထိုမိန်းမကကျေနပ်ပြုံးကြီးပြုံးနေတာများရွံဖို့ကောင်းလိုက်တာမပြောနဲ့။

ယောင်းမီကလဲဒွန်ချွန်းကိုဒီတိုင်းခေါ်တွေ့လို့မရတာကြောင့်ထိုအဘိုးကြီးစိတ်ကျေနပ်အောင်လုပ်ပေးပီးဒွန်ချွန်းကိုဖိတ်ခေါ်ခိုင်းလိုက်ရတာပင်။စောက်အဘိုးကြီး ဒါလေးလုပ်ပေးဖို့ကိုသူ့မှာသုံးညလောက်သည်းခံထားရတာ။

"ချွန်းceoတွေ့ရတာဝမ်းသာပါတယ်"

ဒွန်ချွန်းထိုနေရာကိုသွားလိုက်တော့ယောင်းမီနဲ့ထိုအဘိုးကြီးကမတ်တပ်ရပ်ကာနှုတ်ဆက်လာတာကြောင့်သူလဲအလိုက်သင့်ပြန်တုံပြန်လိုက်သည်။

"အင်း အလုပ်ကိစ္စပြောရအောင်"

ဒွန်ချွန်းနေရာမှာထိုင်ရန်ပြင်နေတုန်း..

"အင်း မူးလိုက်တာ"

အမှတ်တမဲ့မို့သူလဲမရှောင်မိလိုက်တာကြောင့်ယောင်းမီကသူ့ရင်ဘတ်ဆီကိုပြိုကျလာသည်။သတိပြန်ဝင်ဝင်ချင်းတွန်းဖယ်လိုက်ပေမယ့် ထောင့်နားကကင်မရာနဲ့လူကတော့ပုံကိုရိုက်လိုက်သည်။

ဒါတင်မပီးသေးစကားပြောနေရင်းသူ့လက်ကပေါင်ပေါ်ရောက်လာလိုက်အောက်ကနေခြေထောက်ကိုလာပွတ်လိုက်နဲ့ တဖြည်းဖြည်းစိတ်အချဉ်ပေါက်လာတာနဲ့ရှေ့ကောင်ဖီခွက်နဲ့ယောင်းမီရဲ့မျက်နှာအား ပက်ပစ်လိုက်လိုက်တော့သည်။

"အား!"

"စိတ်မရှိပါနဲ့ ကျုပ်ခဗျားနဲ့အလုပ်ဆက်တွဲမလုပ်နိုင်တော့ဘူး နောက်ပီးခဗျားခေါ်လာတဲ့ဟာမကိုကြည့်ထိန်း ဘယ်ကတည်းကငတ်ပြတ်နေလဲမသိဘူး ကျားမြင်ရင်မနေနိုင်လောက်အောင်ဆာနေတဲ့ အပျက်မလိုပဲ!"

"ဟား ဟား ဟင်း ဟား ဟား"

သူပြောလိုက်တာတေကိုဘာမှမဖြစ်ဟန်နဲ့ထရီတဲ့မိန်းမကြောင့်မျက်မှောင်ကျုံလိုက်မိသည်။

System HeyHey(Completed)Where stories live. Discover now