<Unicode>
နံရံနဲ့ကျောမိတ်ဆက်လိုက်ရတာကြောင့်ကျောကအောင့်ကနဲပင်။ပီနာကျင်မှုကြောင့်မျက်နှာလေးရှုံ့မဲ့သွားတော့သည်။"ကိုယ့်ကိုတကယ်ပဲပိုက်ဆံကြောင့်ကပ်ခဲ့တာလား!ဟမ် ချာတိတ်!"
ပီသူ့ထက်အရပ်ရှည်နေတဲ့ထိုလူကိုမော့ကြည့်လိုက်တော့ မေးရိုးကားကားနဲ့ယောက်ျားပီသတဲ့လူကြီး။ပီးတော့အနီးကပ်မြင်နေရတဲ့ရင်အုပ်ကြီးကသူနဲ့ရင်းနီးနေသယောင်။ပီးတော့ခေါ်တာကအစ သူ့လူကြီးတစ်ယောက်ထဲသာခေါ်တဲ့နာမ်စားလေး။
*ဘာလဲဟ!ခုနကဆိုင်ထဲကလူကလဲခဗျားနဲ့တူတယ် ဒီလူကလဲတူနေတယ် ဘယ်သူကအစစ်လဲ!*
"ကိုယ်မေးနေတယ်လေ ချာတိတ်!တကယ်ပဲမာမီပြောတာဟုတ်နေတာပဲလား"
*မသိတော့ဘူးကွာ ဖြစ်ချင်ရာဖြစ်!*
"အင့်!"
ပီထိုလူရဲ့ရင်ဘတ်ကိုအားနဲ့တွန်းထုတ်လိုက်ကာမျက်ရည်များစီးကျလာပီး...
"ခဗျားအမေကကျနော့်ကိုလာစော်ကားနေတာကို ကျနော်ကခေါင်ငုံ့ပီးနေပေးရမှာလားလို့!ကျနော့်မှာပြန်တုံ့ပြန်ပိုင်ခွင့်မရှိဘူးလား ပြောလေ!"
ရှိုက်သံလေးတေနဲ့ဝမ်းနည်းတကြီးငိုကြွေးနေတဲ့ပီကြောင့်ဂျိုးဆက်လေသံကိုလျှော့ကာ...
"ဟုတ်ပီ ချာတိတ် ကိုယ့်ကိုသေချာရှင်းပြနော် ချာတိတ်နဲ့မာမီဘာတေပြောခဲ့ကြတာလဲ"
"ဟင့် သူကကျနော်နဲ့ခဗျားကိုလမ်းခွဲဖို့ပြောတယ် ကျနော်ကလက်မခံတော့ပိုက်ဆံပေးပီးနောက်ဆုတ်ခိုင်းတယ်!ပီးတော့ကျနော့်သိက္ခာကိုလဲစော်ကားတယ် ကျနော်လဲဒေါသထွက်ပီးပြန်ရွဲ့လိုက်မိတာ ခဗျားပိုက်ဆံတေပြန်ယူသွားလို့ရတယ် ကျနော်ထိတောင်မထိရသေးဘူး!"
ထိုအခါဂျိုးဆက်ကပီရဲ့လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ..
"ကိုယ်ပိုက်ဆံအကြောင်းပြောနေတာမဟုပါဘူးကွာ မင်းကိုယ့်ကိုထားခဲ့မှာကြောက်လို့ပါ ကိုယ်မင်းမရှိရင်သေသွားနိုင်တယ် အဲ့တာကြောင့်ကိုယ့်ကိုလမ်းမခွဲပါနဲ့နော် ချာတိတ်နော်"
တီ တီ
ထိုအချိန်သူတို့နှစ်ယောက်ဘေးသို့ကားတစ်စီးကပ်ရပ်လာပီးလူတစ်ယောက်ထွက်လာသည်။
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...