<Unicode>
ရော်မန်အိမ်ထဲဝင်လိုက်တော့ဧည့်ခန်းတွင်မာမီနဲ့ဒယ်ဒီကထိုင်နေသည်။ထိုင်နေတာကမထူးဆန်းပေမယ့်ထူးဆန်းတာကသူ့တို့မျက်နှာတေ။မချိုမချဉ်နဲ့ဘာဖြစ်မှန်းမသိ ဒယ်ဒီကလဲသတင်းစာကိုစောက်ထိုးကြီးဖတ်နေတယ် မာမီကတော်ပြုံးစိစိနဲ့။"မာမီ ဒယ်ဒီ"
"အယ် သားလေးပြန်လာပီလား အခုမှပြန်လာတာထင်တယ် ဟုတ်တာပေါ့အခုမှတွေ့တာကိုအခုမှပြန်လာတာပေါ့ ဟုတ်တယ်မလား ယောက်ျား"
"အော် အင်း အင်း"
*ဘာလဲဟ!*
"ဒယ်ဒီဘာလို့သတင်းစာကိုစောက်ထိုးကြီးဖတ်နေတာလဲ"
"ဟမ် အော် သားမသိပါဘူး ဒီမှာလေ ပုံကစောင်းနေလို့လိုက်ကြည့်နေတာ"
"အော် ဟိုလေ သားဒယ်ဒီတို့ကိုပြောစရာရှိလို့"
"ပြောလေသားလေး"
"သားမှာချစ်သူရှိနေပီ"
"ခုနကတစ်ယောက်မလား သားလေး"
"မာမီဘယ်လိုသိ..."
"အို မာမီအကုန်မြင်လိုက်တယ် မင်းဒယ်ဒီအတင်းဆွဲမခေါ်ရင်ပေါ့"
"အော် အဲ့တာကြောင့်ကို"
"သားချစ်သူကဘယ်ကလဲ ဘယ်သူလေးလဲ"
"မာမီတို့မှတ်မိသေးလားဟိုတစ်ခါသားတို့ညစာထွက်စားပအပြန်ကားပျက်တော့ကူညီပေးခဲ့တဲ့သူလေ"
"အော်ဟိုပရော်ဖက်ဆာလေးလား"
"ဟုတ်"
"ဟမ် ပရော်ဖက်ဆာလား သားရယ် ဟုတ်လို့လားကွာ"
"ဟုတ်ပါတယ်ဒယ်ဒီရဲ့ သားပြောပြမယ်......"
ရော်မန်ဒီနေ့ဖြစ်ခဲ့တာအားလုံးကိုမချွင်းမချန်အကုန်ပြောပြလိုက်သည်။အင်း အားလုံးကိုပေါ့။မာမီကတော့စိတ်ဝင်တစားနားထောင်နေပေမယ့် ဒယ်ဒီကတော့မျက်နှာကြီးရဲလို့။
"အဲ့မိန်းကလေးကတကယ်ပဲအဲ့လိုလုပ်ခဲ့တာလား"
"ဟုတ်တယ်မာမီ"
"ကြားလား ယောက်ျား အဲ့ဘာမဟုတ်တဲ့မိန်းကလေးကရိုစ့်သားလေးကိုငြင်းတဲ့အပြင် သားလေးရဲ့ချစ်သူကိုပါသိက္ခာကျအောင်လုပ်တယ် ယောက်ျား ကားသော့ယူအဲ့ကျောင်းကိုပြသနာသွားရှာရအောင်"
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...