real life

11.5K 888 7
                                    

<Unicode>
"ကဲ ဆိုစမ်းပါအုံးငါ့ကိုပြောစရာ ရှိတယ်ဆိုတာ"

မိုးထက်အအေးကိုငုံ့သောက်ရင်းရှေ့ကယုဝနကိုမော့ကြည့်ကာ....

"အရင်ထိုင်အုံး ဘာသောက်မလဲ"

"အမယ် သဘောတေကောင်းနေပါလားမိုးထက် နင်ဆေးမှားသောက်လာတာလား ခေါင်းထိထားလို့ဂေါက်သွားတာလ"

"ယုဝန နင်အဲ့လိုစကားအပြောမတတ်လို့ဘယ်ဘဲမှနင့်လာမကြိုက်တာသိလား"

"မကြိုက်လဲdon't careပဲ ငါကသကြားမေမေလုပ်ပီး သူငယ်တေပဲအမ်းပစ်မှာ"

"ကဲပါ တစ်ခုခုမှာငါပြောရမှာကရှည်လို့"

"ok ok မောင်လေးရေမစ်ရှိတ်တစ်ခွက်!!"

ခနနေတော့မစ်ရှတ်ခွက်လာချပေးလေသည်။ယုဝနတစ်ယောက်မစ်ရှိတ်ချပေးနေတဲ့စားပွဲထိုးကောင်လေးရဲ့လက်ကိုအသားယူကိုင်ကာမျက်လုံးတောင်မှိတ်ပြလိုက်သေးသည်။ကောင်လေးမှာရှက်ရှက်နဲ့ထွက်ပြေးသွားရသည်။

"ဟင်းးး နင်လဲနည်းနည်းလျှော့ပါယုဝနရယ် နင့်ကြည့်ရတာမုဒိမ်းသမားရုပ်ပေါက်နေပီ"

"ဒီကအမကြီးက ကောင်လေးတေမြင်ရင်ဖေးမပေးချင်တဲ့စိတ်ကထိန်းမရလို့ပါ ဟား ဟား"

"ထားတော့ ငါပြောတာသေချာနားထောင်"

ယုဝနမစ်ရှတ်ကိုတစ်ငုံသောက်ရင်း....

"အင်းပြော"

"ငါ့အမေကနင့်ကိုချွေးမတော်ချင်လို့တဲ့"

"ဖလူး!!!!!"

ယုဝနမှာပါးစပ်ထဲကမစ်ရှတ်တေကိုဖူးကနဲမှုတ်ထုတ်မိတော့သည်။

"ဟဲ့ ငါယောက်ျားမယူဘူးနော် ငါသူငယ်ထောင်လို့မဝသေးဘူး"

"ငါလဲမိန်းမ မယူချင်ပါဘူး ဘာလို့ဆိုငါ့မှာချစ်ရမယ့်သူရှိနေပီ"

"ဟမ် ဘယ်သူလဲ မြန်လိုက်တာ နင်လူမှဟုတ်သေးရဲ့လားမိုးထက် နင်ဆေးရုံဆင်းတာတစ်ပတ်တောင်မရှိသေးဘူးလေ လက်လန်တယ် နင့်မိဘတေကနင်ခြေငြိမ်အောင်များတမင်ငါနဲ့ပေးစားချင်တာလားမသိ အဲ့တာတေထားလိုက် နင်ကြိုက်နေတာဘယ်သူလဲ"

ပြောချင်တာပြောပီးမောသွားတော့မစ်ရှတ်ကိုထပ်ငုံ့သောက်ပြန်သည်။

System HeyHey(Completed)Where stories live. Discover now