ရော်မန်(Arc -3)

15.1K 1K 36
                                    

<Unicode>
*ရော်မန်လို့ပဲသုံးပါတော့မယ်*

ရော်မန်ရပ်ထားတဲ့သူ့ဆိုင်ကယ်ပေါ်တက်ကာစက်နှိုးလိုက်ပီးမှတ်ဉာဏ်ထဲကအတိုင်းအိမ်သို့မောင်းလာသည်။ခြံဝန်းအကျယ်ကြီးနဲ့သုံးထပ်တိုက်အိမ်ရှေ့ရောက်တော့မျက်စိတောင်ကျိန်းသွားသည်။တိုက်ကြီးကဟီးနေပီးကြည့်လိုက်တာနဲ့မူလခန္တာကိုယ်ပိုင်ရှင်ရဲ့မိဘ​တေက တော်တော်ချမ်းသာမှန်းသိနိုင်သည်။ဇာတ်လိုက်မကတော့သူ့ကိုလမ်းသရဲငမွဲထင်နေပုံရသည်။ထင်ချင်လဲထင်စရာပဲ သူ့ပုံကဘယ်ဘက်ကကြည့်ကြည့်သတောင်းစားရုပ်ပေါက်နေတာကို။ထို့နောက်အိမ်ထဲဝင်လာတော့ဧည့်ခန်းမှာထိုင်နေတဲ့သူ့ရဲ့မိဘတေဖြစ်ပုံရတဲ့လူနှစ်ယောက်ကသူ့ကိုအံ့သြတကြီးကြည့်လာကြသည်။

"သားလေး ဒီနေ့ပြန်လာတာအရမ်းစောလွန်းနေပါလား"

"အေ့လေ ဘာလဲပိုက်ဆံမလောက်တော့လို့ပြန်လာယူတာလား ဒယ်ဒီ့ကိုဖုန်းလှမ်းဆက်လိုက်ရောပေါ့ ဒယ်ဒီလွှဲပေးမှာပေါ့"

မစ္စတာဘတ်နဲ့မစ္စရိုစ့်ကသူတို့ရဲ့တစ်ဦးထဲသောသားလေးကိုအရမ်းအလိုလိုက်သည်။ကလေးမွေးလို့မရနိုင်ဘူးထင်ခဲ့တဲ့အချိန်မှာအမှတ်မထင်ရခဲ့ပီး ခက်ခဲစွာမွေးဖွားခဲ့ရတဲ့အဖိုးတန်သားလေးမို့ဘာလုပ်လုပ်အလိုလိုက်ထားပီး ပြသနာတက်ရင်ငွေထုပ်ပိုက်ပီးလိုက်ရှင်းပေးတဲ့မိဘတေဖြစ်သည်။

[ငါလဲအဲ့လိုမျိုးလေးလိုချင်တယ်လို့😣]

"ဟီး သားဒီနေ့ကပီးလိမ္မာတော့မလို့ ဒယ်ဒီနဲ့မာမီရဲ့"

"ဟေ!"

"သားလေးကလိမ္မာပီးသားပါကွယ်"

"သားကအရင်ကထက်ပိုလိမ္မာအောင်နေမှာ မာမီရဲ့"

"ဟုတ်ပါပီရှင် အခုလိုကြားရလို့ဝမ်းသာပါတယ်"

"ကဲ ရို့စ်ရေကိုယ်တို့သားလေးပိုလိမ္မာသွားတဲ့အထိမ်းမှတ်နဲ့အပြင်မှာထွက်စားကြရအောင်"

"ဟုတ်ပါပီရှင်"

•°•°•°•°•°•

ရော်မန်တို့စားသောက်ပီးလို့ပြန်လာတဲ့အချိန်သည်အနည်းငယ်မှောင်နေပီဖြစ်သည်။ထိုအချိန်လမ်းခုလပ်တွင်ကားတစ်စီးကရပ်နေပီးကားရှေ့တွင်လူတစ်ယောက်ကရပ်နေသည်။

System HeyHey(Completed)Where stories live. Discover now