<Unicode>
"bossဟိုလေ ကျမနဲ့လက်ထပ်ဖို့ကိစ္စ.....""ငါမင်းကိုလက်ထပ်မယ်လိုဘယ်တုန်းကပြောခဲ့လို့လဲ!"
သူစုံစမ်းခိုင်းထားတဲ့လူပေးတဲ့cctvမှတ်တမ်းတေကြောင့်အဲ့ညကသူမမဟုတ်မှန်းကိုးလ်းသိပီးပီ။ဒါပေမယ့်သူဝင်သွားတဲ့အခန်းဘက်ကcctvကမှောင်မဲနေတာကြောင့်ခန္တာကိုယ်သေးသေးလေးကလွဲရင်ဘာမှမမြင်ရ။
"boss!ကျမနဲ့bossကအတူအိပ်ပီးကြပီလေ bossကကျမကိုတာဝန်မယူပဲပစ်ထားမလို့လား!"
"သက်သေပြ"
"ရှင်?"
"မင်းဆိုတာကိုသက်သေပြလေ ဘယ်ကနေဘယ်လိုမင်းငါ့ဆီရောက်လာတာလဲ ငါကမင်းနဲ့ဘယ်လိုအိပ်မိသွားတာလဲ အကြောင်းရာအားလုံးကိုတစ်ခုချင်းသေချာပြော ခိုင်လုံရင်မင်းဆိုတာငါယုံကြည်ပေးမယ်!"
"boss အဲ့တာကကြာနေပီလေ ကျမလဲမမှတ်မိတော့ဘူး"
"မင်းရဲ့အပျိုစဉ်ဘဝကိုပေးခဲ့လိုက်ရတဲ့ညကိုမင်းကလွယ်လွယ်မေ့ပစ်နိုင်တာလား ဒါမှမဟုတ် မင်းငါ့ကိုဖုံးကွယ်ထားတာတစ်ခုခုရှိနေတာလား!"
ကိုးလ်ရဲ့အကြည့်တေကပြာကျမတတ်မို့စုဇုမဲလဲအနည်းငယ်လန့်လာသည်။ဒါကိုအပြင်ကနေချောင်းနားထောင်နေတဲ့ခိမဲရကလဲ...
(ဟေးဟေး ငါအခုမှသတိရတယ် ဇာတ်လိုက်ကဆေးမိတာလို့ပြောတယ်နော်)
(ဟုတ်ပါတယ် host)
(အဲ့ဆေးကဇာတ်လိုက်မခတ်တာမှဟုတ်ရဲ့လား)
(hostကတော်လိုက်တာ ဟုတ်ပါတယ် အဲ့တာဇာတ်လိုက်လက်ချက်ပါ သူကဇာတ်လိုက်ကိုဆေးခတ်ပီးသူနဲ့အိပ်ဖြစ်အောင်လုက်လိုက်တာ ဒါပေမယ့်သူနဲ့မအိပ်ဖြစ်ပဲhostနဲ့အိပ်ဖြစ်သွားတာ)
(ငါနဲ့လို့မပြောစမ်းပါနဲ့ ငါဝင်လာတဲ့အချိန်ဗိုက်ကထွက်နေပီလေ ငါဖြင့် ဘာမှတောင်မဘာလိုက်ရပဲနဲ့)
(hostကတော့လေ!)
ထိုအချိန်သူမှီထားတဲ့တံခါးကရုတ်တရက်ပွင့်လာတာကြောင့်ရှေ့ကိုမှောက်ယက်လဲကျခါနီးလက်တစ်စုံကဆွဲဖမ်းထားလိုက်တာကြောင့် ကြမ်းပြင်နဲ့မိတ်မဆက်လိုက်ရပဲ တောင့်တင်းတဲ့ရင်အုပ်ကြီးကြားထဲရောက်သွားတော့သည်။
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...