<Unicode>
"ဟဲ့ရေ နင်တို့သိပီးပီလား သတင်းထူးဟေ့!"စုဇုမဲ စာရွက်တေမိတ္တူကူးရင်းဘေးကမိန်းကလေးတစ်အုပ်ရဲ့စကားဝိုင်းကိုကြားနေရသည်။
"ငါတို့ceoကလေ ဟိုomegaကောင်လေးကိုမနေ့ကသူ့အိမ်ကိုခေါ်သွားတာတဲ့ ပီးတော့လဲကလေးအသုံးဆောင်တေပါမှာသွားတာတဲ့"
စုဇုမဲလက်ထဲကစာရွက်များမြေပြင်ပေါ်သို့ကျကုန်သည်။ထို့နောက်ထိုမိန်းကလေးအုပ်စီရှိရာသို့သွားကာ...
"ခုနကဟာလေးပြန်ပြောပြပါလား ceoကအဲ့ကောင်လေးကိုတကယ်ခေါ်သွားတာလား"
"အင်းဆို ငါမနေ့ကအောက်ထပ်မှာနိုင်ငံခြားဧည့်သည်ကိုစောင့်နေရင်း ceoကအဲ့ကောင်လေးကိုပွေ့ချီပီးကားပေါ်တင်သွားတာ ပီးတော့သူ့ဘေးကလူကိုလဲ ကလေးအသုံးဆောင်တေရောက်ရင်အိမ်ကိုလာပို့လိုက်လို့မှာသွားသေးတယ်"
ထိုအခါအုပ်စုထဲကနောက်မိန်းကလေးတစ်ယောက်က..
"ဟို နင်တို့ဘယ်သူ့ကိုမှလျှောက်မပြောနဲ့နော်"
"ဘာလဲဟဲ့ ပြောလေ ငါတို့ပြန်မပြောဘူးကတိ"
"ဟို အဲ့omegaလေးကလေceoနဲ့ပါတီပွဲညကအိပ်ဖြစ်သွားတာတဲ့ပီးတော့အမှတ်သားလဲပေးခံထားရတယ်လို့ကြားတယ်"
"နင့်ဟာကဟုတ်လို့လား"
"ဟုတ်ပါတယ်ဟဲ့ ceoရဲ့လူလာတောင်းလို့ငါတောင်cctvသွားယူပေးရသေးတယ် သူတို့ချင်းဖုန်းပြောနေတာငါ့နားနဲ့ဆက်ဆက်ကြားတာ"
"တောက်စ်!!"
စုဇုမဲတောက်ခေါက်ကာထိုနေရာကနေထွက်သွားတော့သည်။ကျန်ခဲ့တဲ့သူတေက..
"သူဘာဖြစ်တာလဲ"
"သူကceoကိုကြိုက်နေတာလေ နေရာမရလို့ဒေါသထွက်သွားတာအသိသာကြီး"
စုဇုမဲသူမရုံးခန်းထဲဝင်ကာစားပွဲပေါ်ကပစ္စည်းများကိုတွန်းချပစ်လိုက်ပီး...
"အား!!ဘာလို့လဲ ဘာလို့ငါမဟုတ်ရတာလဲ ခိမဲရနင်ကဘာအဆင့်ရှိလို့ငါ့နေရာကိုဝင်လုရဲရတာလဲ!!"
ထို့နောက်စုဇုမဲအကြည့်နေကပြတင်းပေါက်သို့ရောက်သွားပီးလိုက်ကာစနဲ့ညှိနေတဲ့ငှက်တစ်ကောင်ကိုတွေ့လိုက်ရသည်။စုဇုမဲထိုနေရာသို့သွားလိုက်ပီးငှက်လေးကိုကိုင်ကာညှိနေတဲ့လိုက်ကာစကိုဖယ်ပေးလိုက်ပီး...
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...