လဝန်း(Arc -5.6)

11.9K 969 21
                                    

<Unicode>
လဝန်းခန္တာကိုယ်အောက်ပိုင်းကစိုစိစိကြီးခံစားနေရတာကြောင့်နိုးလာသည်။ထို့နောက်အောက်သို့ငုံကြည့်လိုက်တော့အဝတ်ကင်းမဲ့နေတဲ့သူ့ရဲ့အောက်ပိုင်းကိုရေစိုအဝတ်နဲ့သန့်ရှင်းပေးနေတဲ့ရှိုင်း။

"အင့် ခဗျား"

"နိုးသွားတာလားချာတိတ် ပြန်အိပ်အုံးနော်"

"ဘယ်အချိန်ရှိပီလဲ"

"မနက်၄နာရီ"

"ခဗျားအခုမှရပ်တာလို့တော့မပြောနဲ့နော်"

"ကိုယ်ထိန်းပါသေးတယ် ဒါပေမယ့်ချာတိတ်ကအရမ်းဆွဲဆောင်လွန်းတော့..."

"ဒီနှာဘူးကြီး!အိပ်ပျော်သွားတဲ့လူကိုတောင်အနားမပေးပဲလုပ်တဲ့မကောင်းတဲ့လူ!"

"ဟုတ်ပါ့ကွာ အဲ့လူကြီးအရမ်းဆိုးတာပဲနော်"

"အဲ့တာခဗျားလေ"

"ရွှတ် ချစ်လိုက်ရတာကွာ ပြန်အိပ်လိုက်အုံးနော်"

အချိုသပ်ကာပြန်အိပ်ခိုင်းနေတဲ့ရှိုင်းကြောင့်လဝန်းလဲပြန်အိပ်လိုက်တော့သည်။နေရောင်ဝင်လာတာနဲ့အကျင့်ဖြစ်နေတဲ့မျက်လုံးကြောင့်ထလိုက်တော့၆နာရီရှိပီ။ရှိုင်းကတော့သူ့အခန်းကိုပြန်သွားပီထင်သည်။သူလဲအိပ်ရာမှထကာမနက်စာပြင်ရန်မီးဖိုခန်းသို့သွားလိုက်သည်။

မနက်စာစားချိန်ရောက်တော့ဝင်လာတာကဒေါ်ငွေခင်နဲ့ရှိုင်းသာ။သူရနဲ့ကြာညိုကဆင်းမလာသေး။ထိုအချိန်ခြံထဲသို့ကားတစ်စီးဝင်လာသည်။

"ရှိုင်းအာဏာ!နင်လာခဲ့စမ်း!"

အိမ်အပေါက်ဝမှာထဲကဒေါသထွက်ကာအော်လာတဲ့အမျိုးသမီးကြီးကသူများအိမ်ဆိုတာလဲမသိတော့ပဲထမင်းစားခန်းထဲဝင်လာကာထိုင်နေတဲ့ရှိုင်းကိုထုရိုက်တော့သည်။

"နင်ဘာဇာတ်တေရှုပ်ပြန်ပီလဲဟမ်!ဘယ်မှာလဲအဲ့ကောင် အဲ့ရုပ်ဆိုးကောင်ဘယ်မှာလဲ!!!"

"ဘာတေဖြစ်နေတာလဲရှင်"

ဒေါ်ငွေခင်ကနားမလည်ဟန်နဲ့ဝင်မေးတော့...

"မငွေခင်ကိုတော့အားနာပါတယ် ဒီကောင်ပေါ့ သမီးကြာညိုကိုလက်မထပ်ချင်ဘူးဆိုပီးသူ့သူငယ်ချင်းနဲ့လူချင်းချိန်းထားတယ်တဲ့လေ!"

System HeyHey(Completed)Where stories live. Discover now