ချင်းရန်(Arc -2.8)(end)

15.7K 1.1K 14
                                    

<Unicode>
ချင်းရန် မနက်စောစောနာကျင်ကိုက်ခဲမှုကြောင့်ဆက်အိပ်လို့ပင်မရတော့ချေ။ညကလဲသတိသွားတဲ့အချိန်လေးသာနားရသည်။တကိုယ်လုံးနုံးချိကာကိုင်ရိုက်ခံထားရသလိုပင်။သို့ပေမယ့်မျက်နှာထက်တွင်တော့အပြုံးရေးရေးလေးရှိနေသည်။ချစ်ရသူကပေးထားတဲ့နာကျင်မှုပဲဟာ တန်ဖိုးရှိတာပေါ့။

ခန္တာကိုယ်ထက်တွင်စိုစိစိခံစားချက်များကြောင့်ဖန်ရှီးဟန်ရေပတ်တိုက်ပေးနေမှန်းသိလိုက်သည်။နေတောင်ကောင်းကောင်းမထွက်သေး ဖန်ရှီးဟန်ကနိုးလာတာလား အိပ်ကိုမအိပ်ရသေးတာလားသူကိုယ်တိုင်သာသိလိမ့်မည်။

(ကောင်းလားကို ကောင်းတယ် ကောင်းလားကို ကောင်းတယ်🎶)

(စလာပီ)

(ကောင်းရင်ကောင်းတယ်မှတ် ကောင်းရင်ကောင်းတယ်မှတ်🎶)

(ဟေးဟေး ဟီလာထမနေနဲ့ ဆေးပေးတော့)

(သိပါတယ် သိပါတယ် ဟွန့်)

နာကျင်မှုတေလျော့ကျသွားပီဆိုမှဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ဖန်ရှီးဟန်။

"ချာတိတ် နိုးပီလား ပြန်အိပ်ပါအုံးလား စောသေးတယ်"

"ဟင့်အင်း"

"သက်သာရဲ့လား ကိုယ်တညလုံးဆေးထ,ထလိမ်ပေးထားပါတယ် နေလို့အဆင်ပြေရဲ့လားဟင်"

"အင်း ပြေတယ် ခဗျား"

"ဟင် ပြောလေချာတိတ် ဘာလိုချင်လို့လဲ"

"အနားတိုး အရေးကြီးကိစ္စပြောစရာရှိတယ်"

"ပြောနော် ကိုယ်နားထောင်နေတယ်"

"မနက်နေထွက်တာနဲ့ခဗျား သေချင်ယောင်ဆောင်ရမယ်"

"ဟုတ်ပီ"

"ပီးတော့......."

••••••••••••

"အရှင် လုပ်ငန်းစလို့ရပါပီ ဖန်မင်းကြီးဒီမနက်ပဲနတ်ရွာစံသွားပီလို့သတင်းထွက်လာပါပီ"

"ဟက် ကောင်းပီ ခေါ်ထားတဲ့တပ်သားတေကိုစုလိုက် ပီးရင်ရာဇပုလ္လင်ကိုသွားယူကြတာပေါ့"

"မှန်လှပါအရှင်"

ချင်းဟွမ်းကတပ်သားထဲကတစ်ယောက်ကိုသူမရဲ့ကျောက်စိမ်းလက်ကောက်လေးပေးကာခေါင်းညိတ်ပြလိုက်သည်။ထိုတပ်သားကလဲခေါင်းပြန်ညိတ်ပြကာအဆိပ်လူးမြှားကိုအသင့်ပြင်လိုက်သည်။

System HeyHey(Completed)Tahanan ng mga kuwento. Tumuklas ngayon