ပီ(Arc -7)

12.9K 990 11
                                    

<Unicode>
(mission ကဇာတ်လိုက်မအကြောင်းများဖော်ထုတ်ရန်နဲ့ချစ်တဲ့သူနဲ့ပေါင်းဖက်ရန်ပါ)

(အခုငါ ငါ့အကိုကိုကယ်လို့မှီနိုင်လား)

(မမှီတော့ပါဘူးhost ဖော့ကဆုံးသွားပါပီ hostအိမ်ပြန်ရင်ဖော့ သေတဲ့အမှုအတွက်ရဲတေစောင့်နေမှာပါ)

(အင်း ဖြစ်ပီးပီဆိုတော့လဲဘယ်တတ်နိုင်မလဲ)

*ပီလို့လဲသုံးပါတော့မယ်*

ပီအိမ်ပြန်တော့တကယ်ကို ရဲကားတေကခြံရှေ့မှာရပ်ထားသည်။

"ဘာကိစ္စရှိလို့လဲဗျ"

"ဒီအိမ်ပိုင်ရှင်နဲ့တွေ့ချင်လို့ပါ"

"ကျနော်ပါပဲ"

"ဟုတ်ကဲ့ မစ္စတာပီခဗျ ခဗျားရဲ့အကိုဖြစ်သူဖော့ကဒီနေ့နေ့လယ်မှာယဉ်မတော်တဆမှုနဲ့ဆုံးသွားပါပီ သေဆုံးသူရဲ့ဖုန်းထဲကအချက်လက်တေကိုကြည့်တော့မစ္စတာပီနဲ့ညီအကိုဖြစ်ကြောင်းသိရပါတယ် အဲ့တာကြောင့်အလောင်းကိုလာပြန်အပ်တာပါ ပီးတော့ကားပေါ်မှာ၉နှစ်အရွယ်မိန်းကလေးတစ်ဦးလဲတွေ့ပါတယ်"

"အဲ့တာကျနော့်တူမလေး သူအဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျ ကျနော်တို့နဲ့ပါလာပါတယ်"

ထိုရဲကကားထဲကိုလှမ်းကြည့်ကာပြောပြတော့သူလဲလိုက်ကြည့်လိုက်သည်။ကားနောက်ခန်းတွင်သွေးစွန်းနေတဲဂါဝန်လေးနဲ့ငုတ်တုတ်လေးထိုင်နေတဲ့ကလေးမလေးကအသံမထွက်ပဲကြိတ်ငိုနေသည်။ကလေးတစ်ယောက်အတွက်ထိုအရာကအရမ်းခက်ခဲမည်ဆိုတာသူနားလည်ပါသည်။

"ကလေးရဲ့မိခင်ကိုတော့ကျနော်တို့မတွေ့ခဲ့ပါဘူး အနီးနားကနေရာတေမှာပါလိုက်ရှာပေမယ့်မတွေ့ခဲ့ရပါဘူး"

"ကူညီပေးတာနဲ့တင်ကျေးဇူးပါ တူမလေးကိုကျနော်ပဲမွေးစားလိုက်ပါ့မယ်"

"ဒါဆိုကျနော်တို့ကိုခွင့်ပြုပါအုံး သေဆုံးသူရဲ့အလောင်းကရင်ခွဲရုံမှာပါ အမှုအတွက်အကြောင်းရင်းထူးရင်ကျနော်တို့ပြန်ဆက်သွယ်ပါ့မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ"

ပီ ရဲကားနားကိုသွားကာနောက်ခန်းတွင်ထိုင်နေတဲ့ကလေးမလေးကိုပြုံးပြလိုက်ပီး...

System HeyHey(Completed)Where stories live. Discover now