real life

10.1K 802 12
                                    

<Unicode>
"မောနင်းဖေဖေ!မောနင်းမေမေ မွ"

ဒေါ်ရူပါကော်ဖီထည့်နေရင်းနောက်ကနေဖက်ကာနမ်းလာတဲ့သားဖြစ်သူကြောင့်ပြုံးလို့။ဦးမင်းထက်ကတော့ကော်ဖီသောက်ရင်းသတင်းစာဖတ်နေသည်။မိုးထက်ထိုင်ခုံတွင်ဝင်ထိုင်ကာကိတ်မုန့်တစ်ခုကိုယူစားလိုက်သည်။

"ဘာလဲ အသုံးစရိတ်ကုန်သွားလို့လား"

"မဟုတ်ပါဘူး ဖေဖေကလဲ"

"ဒါဆို ဘာပြသနာရှာထားပြန်ပီလဲ"

"ဖေဖေကလေ သားဆိုရင်အပြစ်ပြောဖို့လောက်ပဲ ကိုယ့်အမေကိုယ်ချွဲတာအကြောင်းရှိမှလား"

"မင်းကလိုချင်တာရှိမှငါ့မိန်းမကိုလာကပ်တာလေ"

"ကဲပါ သားအဖနှစ်ယောက်တွေ့လိုက်တာနဲ့ကိုက်မယ်ဆိုတာချည်းပဲ"

"မေမေ့ယောက်ျားကအသက်ကြီးလာတော့စကားကများလာပီလေ"

"မင်း အဖေကိုများ ငါအသက်မကြီးသေးမှန်းမင်းအမေအသိဆုံး!"

"ဦးမင်းထက်!!ကလေးကိုဘာတေလျှောက်ပြောနေတာလဲ!"

"ကိုယ်ကပြောပြတာပါ မိန်းမရဲ့မအော်ပါနဲ့ မိန်းမကအော်တော့ကိုယ်ဝမ်းနည်းတာပေါ့လို့"

"တော်စမ်း ကလေးရှေ့မှာအနေထိုင်ကိုမတတ်ဘူး"

"ဟွန့်!တွေ့လား မင်းကြောင့်!"

မိုးထက်ကိုလက်ညှိုးထိုးကာစူပုတ်နေတဲ့အဖေဖြစ်သူကြောင့် လျှာထုတ်ကာပြောင်ပြလိုက်သည်။

"အန်ကယ်ဖေဖေ အန်တီမေမေ မောနီး ဟဲ ဟဲ"

"ခဗျား!!"

မိုးထက် ခုံကနေထကာအခန်းဝကအာဏာလွှမ်းအားပြေးဖက်တော့သည်။အာဏာလဲမိုးထက်ကိုယ်လေးကိုပြန်ဖက်ကာနှဖူးလေးအားသူ့နှာခေါင်းနဲ့တရှုံ့ရှုံနမ်းတော့သည်။

"လာပြန်ပီနောက်ဂြိုလ်တစ်ကောင်! အပေါက်ဝမှာ ကမြင်းမနေကြနဲ့!!"

"ဒါဆိုလဲ အပြင်မှာပဲကမြင်းတော့မယ်ဗျ မေမေသားသူနဲ့အပြင်လျှောက်လည်မလို့"

"အင်း အင်း မိုးချုပ်တဲ့ထိမနေနဲ့နော် ညစာမစားခင်ပြန်လာခဲ့ သားအာဏာ အန်တီစိတ်ချမယ်နော်"

System HeyHey(Completed)Where stories live. Discover now