real life

8.3K 654 2
                                    

<Unicode>
မနက်ဘက်တွင်မင်္ဂလာပွဲလုပ်၍ညဘက်တွင်dinnerဧည့်ခံပွဲကိုအာဏာရဲ့အိမ်တွင်လုပ်နေကြသည်။အာဏာရဲ့မိဘတေက သူတို့အတွက်ကမ်းခြေသို့ဟန်းနီးမွန်းထွက်စေရန်အပန်းဖြေဘန်ကလိုတစ်လုံးလက်ဖွဲ့ထားပေးပီး မိုးထက်ရဲ့မိဘတေကတော့မြို့ပေါ်မှာပဲ အိမ်နဲ့ခြံလက်ဖွဲ့ထားပေးသည်။

မိုးထက်မနက်ကတည်းကမင်္ဂပွဲအတွက်အလုပ်ရှုပ်ထားတာကြောင့်ပင်ပန်းနေပီးလက်တောင်မလှုပ်ချင်တော့ခုလဲdinnerကိုလာသမျှဧည့်သည်တေကိုဒိုင်ခံဧည့်ခံနေရတာကြောင့်လူကနုံးချိနေပီ။

"ချာတိတ် ပင်ပန်းနေပီလား"

"နည်းနည်း"

"အရင်အိပ်နှင့်ပါလား ကိုယ်ပဲဧည့်ခံလိုက်မယ်နော်"

"အင်း ကျနော်အထဲဝင်တော့မယ် ခဗျားအရက်တေမသောက်နဲ့နော်"

"ကိုယ်မသောက်ပါဘူး စိတ်ချပါ သွားအိပ်တော့ ပြွတ်စ်!"

နှုတ်ခမ်းလေးကိုနမ်းလိုက်ကာအရင်အိပ်စေပီးနောက်ထပ်လာတဲ့ဧည့်သည်တေကိုဧည့်ခံရန်ထွက်သွားတော့သည်။မိုးထက်အိမ်ထဲဝင်လိုက်တော့ ယုဝနကသူ့ကိုဧည့်ခန်းသို့ဆွဲခေါ်ကာ....

"နင်ငါပေးတာဖွင့်ကြည့်ပီးပီလား"

"မကြည့်ရသေးဘူး တနေကုန်အလုပ်ရှုပ်နေတာလေ"

"အတော်ပဲ ဒီမှာနောက်ထပ် ထပ်ဝယ်လာတယ်ငါ"

မိုးထက်ရဲ့လက်ထဲကိုနောက်ထပ်အထုပ်တစ်ထုပ်ထည့်ထည့်ပေးပီး...

"နင်ငါ့ကိုဘာကတိပေးထားလဲမှတ်မိလား"

"ဘာလဲ"

"နင့်ကိုကူညီရင်ငါတောင်းဆိုတာလိုက်လျောပေးမယ်လို့ကတိပေးထားတယ်လေ မှတ်မိလား"

"အော် မှတ်မိပီ နင်ဘာတောင်းဆိုမလို့လဲ"

"အရင်ဆုံး အဲ့အထုပ်ကိုဖွင့်ကြည့်လိုက်"

မိုးထက်ကြောင်တောင်'နဲ့ပဲဖွင့်ကြည့်လိုက်တော့တွေ့လိုက်ရတဲ့အရာကြောင့်မျက်လုံးပြူးသွားသည်။

"ဒါ ဒါ...."

"ငါရွေးထားပေးတာမလှဘူးလား"

ဇာဖြင့်ပြုလုပ်ထားတဲ့မလုံတလုံsexy dressများသာဖြစ်သည်။တစ်ထည်ထဲတောင်မဟုတ်ဘူး သုံးလေးထည်လောက်ရှိတယ် အရောင်မျိုးစုံပဲ။

System HeyHey(Completed)Where stories live. Discover now