<Unicode>
ယောဝန်းသည်ဒွန်ချွန်းချိန်းထားသည့်ဆိုင်သို့ဝင်လာသည်။ထောင့်နားကစားပွဲဝိုင်းတွင်ထိုင်နေသောဒွန်ချွန်းကိုမြင်တော့သွားမယ်အလုပ် ထိုလူကြီးနားရောက်လာတဲ့လူကြောင့်မျက်မှောင်ကျုံ့သွားသည်။ထိုသူကတခြားလူမဟုတ် ယောင်းမီပင်။ဘာလုပ်မလဲသိချင်တာကြောင့်သူတို့နားမသွားသေးပဲအကွယ်တစ်နေရာကနေ အရိပ်ခြေကြည့်နေသည်။ယောင်းမီဒီဆိုင်ကိုလာထိုင်ရင်းအမှတ်မထင်ဒွန်ချွန်းအားတွေလိုက်ရတာကြောင်ယုတ်မာစွာပြုံးလိုက်ပီး သူမရဲ့အကြံစည်ကိုစတင်ရန် အအေးခွက်ယူကာဒွန်ချွန်းနားသွားကာမတော်တဆခလုတ်တိုက်ဟန်ဆောင်ကာ ဒွန်ချွန်းပေါ်ကိုအအေးများလောင်းချလိုက်သည်။
"ဟယ် ဒုက္ခပါပဲ စိုကုန်ပီ ယောင်းမီတမင်လုပ်တာမဟုပါဘူး အိုပါး"
ပြောပြောဆိုဆိုနဲ့အအေးတေကိုတစ်ရှူးနဲ့သုတ်ပေးဟန်ဖြင့်ဒွန်ချွန်းရင်ဘတ်နဲ့ပေါင်များကိုပွတ်သပ်တော့သည်။ဒွန်ချွန်းကထိုလက်များကိုပုတ်ထုတ်လိုက်ကာ..
"ဖယ်စမ်း!"
"ဟို ဘယ်လိုလုပ်ရမလဲ စိုကုန်ပီ အိုပါးရဲ့အကျင်္ီချွတ်ပေးလေ ယောင်းမီပြန်လျှော်ပီးပေးပါ့မယ်"
"မလိုဘူး ငါ့အကျင်္ီကဂျပန်ကနေမှာထားတာlimitနဲ့ပဲမှာလို့ရတာ ပြန်လျှော်လို့မရဘူး အဲ့တော့ပိုက်ဆံနဲ့ပြန်လျော်!"
"ရှင်?"
"အကျင်္ီကဝမ်သိန်း30တန်တယ် ဘောင်းဘီက60 ပေါင်းဝမ်သိန်း90 အခုတစ်ခါထဲပြန်လျော်!"
"အဲ့ အဲ့တာက"
အကွယ်ကယောဝန်းရီရလွန်းလို့အူတေပါနာနေပီ။ယောင်မီမျက်နှာကြီးဟာနွားနင်းခံထားရသလိုပင်။
*ဟက် မတူရင်မတုနဲ့အမိ*
"မလျော်နိုင်ရင် လာအရစ်ရှည်မနေနဲ့ ထွက်သွားငါ့မျက်စိရှေ့က!"
ဘေးလူတေပါဝိုင်းကြည့်နေတာကြောင့်ယောင်းမီရှက်ရှက်နဲ့ပြေးထွက်သွားတော့သည်။ထိုအခါမှယောဝန်းကအကွယ်ကနေထွက်လာပီးဒွန်ချွန်းဆီသွားလိုက်သည်။
"ချာတိတ် ဘယ်ကတည်းကရောက်နေတာလဲ"
"ခဗျားကိုသူအအေးနဲ့မပက်ခင်ကတည်းက"
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...