ယောဝန်း(Arc -4)

13.6K 1.1K 16
                                    

<Unicode>
(mission ကဇာတ်လိုက်ကိုမချစ်မိစေရန်နဲ့ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်လာစေရန်ပါ)

(ဒါဆို ခုနကဟိုမင်းဆိုလားဒီမင်းဆိုလားကဇာတ်လိုက်ပေါ့)

(ဟိုမင်ပါhost သူကဇာတ်လိုက်ပါ ခုနကမျက်စောင်းထိုးသွားတာhostရဲ့အချစ်ဆုံးသူငယ်ချင်းဇာတ်လိုက်မပါ)

(ငါ့အချစ်ဆုံးသူငယ်ချင်းလို့မပြောစမ်းပါနဲ့ အဲ့တာသူငယ်ဂျင်းမ!အခုကဘယ်အချိန်ရှိနေပီလဲ)

(ဇာတ်လိုက်နှစ်ယောက်ကခိုးစားနေကြပါပီ)

(နေ့လယ်စာတေလား)

(မနောက်နဲ့!)

*ယောဝန်းလို့ပဲသုံးပါတော့မယ်*

ခနနေတော့ဟိုမင်ကအခန်းထဲပြန်ဝင်လာသည်။မျက်နှာကတော့ရွှင်နေသည် ကြည့်ရတာဒီဇိုင်းအသစ်ကလူကြိုက်များသွားတယ်ထင်ပါ့။နောက်ကယောင်းမီကတော့မျက်နှာကခရမ်းသီးမီးဖုတ်ထားသလိုရှုံ့တွလို့။

"ယောလေး ခုနကကိုယ်ပြောလိုက်မိတာတေကိုစိတ်မဆိုးပါနဲ့နော် ကိုယ်ကစိတ်ရှုပ်ထွေးသွားလို့ပါ"

"ကိစ္စမရှိပါဘူး သူများပြောသမျှစကားတေကိုလိုက်ခံစားနေရင်ငါဒီနေရာအထိတောင်ရောက်လာမှာမဟုဘူး"

"ဒါဆို ကိုယ့်ကိုစိတ်မဆိုးဘူးမလားဟင်"

"ဟက်!စိတ်ထဲကိုမရှိတာ!"

ပြောပီးထထွက်သွားတဲ့ယောဝန်းကြောင့်ဟိုမင်ကြောင်သွားသည်။ယောဝန်းလိုနူးညံ့တဲ့ကောင်လေးကခုနကလဲသူ့ကိုဒေါသအငွေ့တွေထွက်ပီးထအော်တယ် ခုလဲစကားကိုဘုနဲ့ဘောက်ပြောသွားတယ်။ယောဝန်းကယောဝန်းမဟုတော့တဲ့အတိုင်းပဲ။

ယောင်းမီကမျက်မှောင်ကျုံ့ကာစိတ်ရှုပ်နေတဲ့ဟိုမင်ကြောင့်ထုံးစံအတိုင်းစိတ်ထားကောင်းတဲ့သူငယ်ချင်းမလေးစလုပ်ပါတော့တယ်။

"ယောဝန်းကိုစိတ်ထဲမထားပါနဲ့နော် သူကအဲ့လိုပဲနေရာတစ်ခုရလာပီတိုတော့နည်းနည်းအောက်ခြေလွတ်ချင်နေတာ သူကစိတ်ထားလေးတော့ကောင်းပါတယ်"

"...."

"ကဲပါ စိတ်ထဲမထားနဲ့တော့ ယောင်းမီးတို့တစ်ခုခုသွားစားကြမလား နေ့လယ်စာစားချိန်ရောက်တော့မှာဆိုတော့လေ အစာချိန်လွန်ရင်ခန္တာကိုယ်အတွက်မကောင်းဘူး"

System HeyHey(Completed)Where stories live. Discover now