ချင်းရန်(Arc -2.4)

14.8K 1.1K 11
                                    

<Unicode>
မထင်ထားဘူး သူလိုက်လာလိမ့်မယ်လို့ သူပဲဖစ်နေလိမ့်မယ်လို့။သူကဘာလို့များဒီလောက်တောင်ချစ်တတ်ရတာလဲ။

*ခဗျားကတော့တကယ့်လူပဲ*

"ခဗျား!"

"ကိုယ်ရှိတယ် ပြောပါချာတိတ်"

"အရူးကြီး"

"ဟုတ်ပါတယ် ကိုယ်ကအရူးပါ"

"အကျင့်မကောင်းတဲ့သူကြီး"

"ဟုတ်ပါတယ် ကိုယ်ကအကျင့်မကောင်းတဲ့သူပါ"

"ခဗျားကဝတ်ရုံလက်ပြတ်လား"

"ဟုတ်ပါတယ် ကိုယ်ကဝတ်ရုံလက်ပြတ်ပါ ဒါပေမယ့်ချာတိတ်တစ်ယောက်ထဲအတွက်ပါပဲ ဒါကိုကိုယ်တော်ကျိန်ဆိုရဲပါတယ်"

"ဟိဟိ"

သူကျေနပ်သွားတော့မှအနောက်ဘက်ကနေပြန်ဆင်းလာတော့သည်။ဖန်ရှီးဟန်ကတော့နေရာမှာပဲဒူးထောက်လျက်သားရှိနေပီးသူ့ကိုသာတစိုက်မတ်မတ်ကြည့်နေသည်။ချင်းရန်သူ့ရှေ့မှာရပ်လိုက်တော့ဒူးထောက်လျက်သားပင်မော့ကြည့်လာသည်။

"ခဗျားသေချာလား"

"ကျိန်ဆိုရဲပါတယ်ချာတိတ်ရယ်"

ချင်းရန် ဖန်ရှီးဟန်ရဲ့ပါးနှစ်ဖက်ကိုဆွဲပစ်လိုက်ပီး...

"ခဗျားကချစ်စရာကြီး ဟီးဟီး အာ့ကြောင့်ချစ်နေရတာ"

"ဟင်!! ချာ ချာတိတ်ဘာပြောလိုက်တာ"

"နားလေးနေလို့လား ခဗျားကိုချစ်တယ်လို့!"

"ကိုယ် ကိုယ်.."

"ကိုယ်တေခေါင်းတေအသာထား ခဗျားကိုအဖြေပေးလိုက်တာကျနော့်ကိုဖက်နမ်းရမှာပေါ့လို့ ဒူလိုက်တာ"

"ကိုယ်အရမ်းပျော်သွားလို့ပါကွာ ကိုယ်.."

"ကျစ် စကားများတယ်!"

"အွန့်!"

ချင်းရန်ထိုလူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာနှုတ်ခမ်းချင်းထိကပ်လိုက်တော့သည်။ဖန်ရှီးဟန်မှာအစမှာကြောင်နေပေမယ့်ထို့နောက်သူမဟုတ်တော့တဲ့အတိုင်းချင်းရန်ရဲ့ခေါင်းကိုဖိကပ်ကာမွတ်သိပ်စွာနမ်းလာသည်။ထို့နောက်ချင်းရန်ရဲ့အာခံတွင်းလေးထဲလျှာဖျားလေးဖြင့်ကျူးကျော်ဝင်ရောက်တော့သည်။အတော်ကြာတဲ့အထိနမ်းရှိုက်နေတာကြောင့်ချင်းရန်အသက်ရှူရခက်လာတာကြောင့်ဖန်ရှီးဟန်ရဲ့ရင်ဘတ်ကိုသူ့လက်လေးနှစ်ဖက်နဲ့တွန်းကန်လာသဘ်။

System HeyHey(Completed)Where stories live. Discover now