<Unicode>
ချင်းရန်ဝေါ်ယာဉ်ပေါ်တွင်ခနမှေးနေရင်းနဲ့တကယ်အိပ်ပျော်သွားတော့သည်။ဖန်ရှီးဟန်ကတော့အိပ်ပျော်နေတဲ့ချင်းရန်ကိုသက်တောင့်သက်သာဖြစ်အောင်သူ့ပေါင်ပေါ်ပွေ့တင်ကာရင်ခွင်ကျယ်ကြီးအားမှီအိပ်စေသည်။[ဒါကတော့ရည်းစားရှိတဲ့သူတေပဲလုပ်နိုင်တာပါ လာပြန်မမေးနဲ့သာသာအသဲကွဲနေတယ်🙂]
"မင်းကြီးကြွချီလာ!!..."
ဒေါက်!!
ကုန်းကုန်းမှာကြေညာလို့မပီးသေး သူ့အားဝေါယာဉ်ပြတင်းပေါက်ကနေလက်စွဲတော်ဓားနဲ့ပိတ်ခေါက်ပစ်တဲ့ဖန်ရှီးဟန်ကြောင့်ပါးစပ်ပိတ်သွားရသည်။ကုန်းကုန်းမှာနာသွားတဲ့ခေါင်းကိုဖိကိုင်လို့ရှုံ့မဲလျက်လှည့်ကြည့်တာတော့ ဖန်ရှီးဟန်ကအသံမထွက်နဲ့ဟူသောအမူရာကိုလုပ်ပြလေသည်။
ထို့နောက်အိပ်ပျော်နေတဲ့ကောင်လေးမနိုးသွားစေရန်နူးညံ့စွာပွေ့ချီလျက်ဝေါယာဉ်ပေါ်မှဆင်းလာသည်။ဘုရင့်အားကြိုဆိုရန်ရောက်ဘာကြသောမှူးမတ်များမှာလဲကုန်းကုန်းအဖြစ်ကိုကြည့်ပီးဘယ်သူမှမနှုတ်ဆက်ရဲကြ။ထိုအချိန်ဝေါယာဉ်ပေါ်ကကောင်လေးတစ်ယောက်ကိုပွေ့ချီပီးဆင်းလာတာကြောင့်အားလုံးပါးစပ်အဟောင်းသားဖြစ်ကုန်သည်။မိဖုရားမြှောက်ဖို့အာပေါက်မတတ်ပြောရတဲ့ဒီဘုရင်၊ပန်းသေနေလားတောင်အောက်မေ့ရလောက်တဲ့အထိဘယ်ပုရိသမိန်းကလေးမှမမြူစွယ်နိုင်တဲ့ဒီဘုရင်က ကောင်လေးတစ်ယောက်ကိုနူးညံ့စွာပွေ့ချီလာတယ်။
အိပ်ပျော်နေတဲ့ထိုကောင်လေးကိုကြည့်မိတော့မှဘုရင်ဟာဘာကြောင့်သည်းသည်းလှုပ်လဲခန့်မှန်းမိတော့တယ်။လှရက်လွန်းတယ် ထိကိုင်လိုက်တာနဲ့ပဲကြွေကျသွားနိုင်တဲ့ပထိနူးညံ့လွန်းတယ်။မှူးမတ်တေဟာငေးကောင်းကောင်းနဲ့ငေးနေတာ ပြာကျမတတ်ကြည့်နေတဲ့ဘုရင့်ရဲ့အကြည့်တေကိုတောင်သတိမထားမိတဲ့အထိပင်။ထို့နောက်ဖန်ရှီးချန်ဟာဘေးကကုန်းကုန်းကိုအနားကပ်ခိုင်းလို့တစ်ခုခုကိုတိုးတိုးလေးပြောပီးအဆောင်တော်ကိုထွက်သွားလေသည်။
ကျန်ခဲ့တဲ့မှူးမတ်များမှာကုန်းကုန်းပြောလာသည့်စကားကြောင့်ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်ချကုန်သည်။ထိုစကားက...
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...