လဝန်း(Arc -5.5)

12K 993 0
                                    

<Unicode>
"ဟဲ့ ကြာညို ညည်းနဲ့မောင်ရှိုင်းအာဏာနဲ့ဘယ်အဆင့်ထိရောက်နေပီလဲ"

"သမီးတို့ချစ်သူဖြစ်နေပီအမေ"

"ကောင်းတယ် ညည်းသိပ်တော်တယ်"

"သူကလေသမီးကိုအရမ်းဂရုစိုက်တယ်သိလား သမီးလေသူ့ကိုချစ်မိနေပီထင်တယ်"

"ဘာအချစ်လဲ!အဲ့အချစ်ကနင်ငတ်နေတဲ့အချိန် ထမင်းလာကျွေးမှာမဟုဘူး!ညည်းသိထားရမှာကပိုက်ဆံကအဓိကပဲ!ညည်းသူနဲ့ယူပီးရင်အိမ်ခွဲနေ အမွေပါတစ်ခါထဲခွဲကြားလား!ညည်းရသင့်ရထိုက်တာကိုပါတစ်ခါထဲဝေစုခွဲထား မတော်လို့မယားငယ်တေနဲ့ဇာတ်ရှုပ်ခဲ့သည်ရှိသော်ညည်းဝေစုပဲ့မသွားအောင်လို့!"

"အမေ ရှိုင်းကအဲ့လိုလူမျိုးမဟုပါဘူး သမီးသူ့ကိုယုံတယ် သူကသမီးအပေါ်ဖောက်ပြန်မှာမဟုဘူး"

"ဟက် ညည်းအဖေကိုလဲကျုပ်ကအဲ့လိုပဲထင်ခဲ့တာ နောက်တော့ဘာဖြစ်လဲ မယားငယ်မသားကိုအိမ်ပေါ်ခေါ်တင်လာတာပဲကြည့်!"

"....."

"ကြာညို ညည်းအမေငါ့ကိုကြည့်ပီးသင်ခန်းစာယူစမ်းပါအေ ကျားဆိုတဲ့အမျိုးကသာယာတဲ့ဘက်ကိုလိုက်ကြတာချည်းပဲ ငါတို့မိန်းမတေအတွက်လိုအပ်တာဒင်းတို့ပြောတဲ့အချစ်စကားမဟုဘူး ငွေဟဲ့ ငွေ!ငွေရှိရင် ညည်းဘဝပြည့်စုံပီ!ဒါကိုမြဲမြဲမှတ်ထား ယောက်ျားတေရဲ့စကားလုံးလှလှတေထဲမှာညည်းမျောမသွားစေနဲ့ ဒါပဲငါပြောချင်တယ်!"

(ဟဲဟဲ ဒီအာသာယောက်ျားမုန်းတီးရေးmoodလေးနည်းနည်းဝင်နေလို့ ဟီးဟီ)

ဒေါ်ငွေခင်ကပြောပီးထထွက်သွားတော့သည်။ကြာညိုလဲတွေးဆဆနဲ့ခြံထဲဆင်းလာသည်။ထိုအချိန်ခြံထဲကသရက်ပင်နားအောက်တွင်ရှိုင်းနဲ့သူရကတစ်ခုခုကိုတိုင်ပင်နေပုံရတာတော့မိန်းကလေးသဘာဝစပ်စုရန်အနားကအပင်အကွယ်သို့သွားလိုက်သည်။

"ရှိုင်းမလုပ်ပါနဲ့ကွာ ငါကြောက်လိုပါ"

"ငါပြောပီးပီလေ မင်းအပြစ်မဖြစ်စေရဘူးလို့"

"ငါကြောက်တာအဲ့ကိစ္စမဟုဘူး ကြာညိုသာငါကရှိုင်းအာဏာမဟုပဲမင်းဆိုတာကိုသိသွားရင်ငါ့ကိုစိတ်နာသွားလိမ့်မယ်ကွ"

System HeyHey(Completed)Where stories live. Discover now