<Unicode>
"အန်တီမေမေရောဟင် အန်ကယ်ဖေဖေဟဲဟဲ"အိမ်ပေါက်ဝတွင်အထုပ်တေအပိုးတေနဲ့စပ်ဖြဲဖြဲလုပ်နေတဲ့အာဏာလွှမ်းကြောင့်ဦးမင်းထက် မျက်စိဆံပင်မွှေးဆူးနေပီဖြစ်သည်။တစ်နေ့တစ်နေ့အိမ်ကိုချောင်းပေါက်မတတ်လာကာစားစရာတေယူလာပီးသူ့မိန်းမကိုဖားနေတာ တကယ်ကြည့်မရတော့။
"ငါ့မိန်းမက မီးဖိုချောင်ထဲမှာ ဘာလာလုပ်ပြန်ပီလဲ"
"ကိုယ့်ယောက်ခမအိမ်လာလည်တာ အကြောင်းပြချက်ပေးရအုံးမှာလား အန်ကယ်ဖေဖေရဲ့"
"ဟယ် သားအာဏာလာပြန်ပီ ဘာတေယူလာပြန်တာလဲ"
"ကျနော်လာရင်းလမ်းမှာကွေ့တီယိုဆိုင်သစ်ဖွင့်တာတွေ့လို့ဝယ်လာတာ အန်တီမေမေကတွေ့တီယို ကြိုက်တယ်လို့ချာတိတ်ကပြောဖူးတယ်"
"ဒါနဲ့ပဲငါ့မိန်းမကိုအစားသောက်နဲ့မြူစွယ်တယ်ပေါ့လေ!"
"စားစေချင်တဲ့စေတနာနဲ့ပါ အန်ကယ်ဖေဖေရယ် အသက်လဲကြီးပီစိတ်လေးကိုလျှော့မှပေါ့ဗျာ"
"မင်း!!"
"ကဲ!သားအာဏာရေ မင်းအန်တီသားကိုတွေ့ချင်တာမလား အပေါ်ထပ်မှာသွားတွေ့ချည် ဒါတေမယူလာလဲတွေ့လို့ရပါတယ် နောက်နေ့တေယူမလာနဲ့ကြားလား တွေ့ချင်ရက်ဒီတိုင်းလာတွေ့"
"ဟဲ ဟဲ ကျေးဇူးပါအန်တီမေမေ ဒါဆိုကျနော်သွားလိုက်အုံးမယ်နော်"
"သွား သွား"
"ဟေ့ကောင်!ဘာမှမဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့ ရုတ်'လုပ်လို့ကတော့ ဟိုမှာအလှချိတ်ထားတဲ့ ပုသိမ်ဓားက ငါ့ဘိုးဘေးဘီဘင်လက်ဆွဲတော့ဓားပဲ ဟန့် သဘောပေါက်!"
"ဟုတ်တယ်သားအာဏာရေ သူအန်တီ့ကိုလာတောင်းတုန်းက အန်တီအဖေလဲသူ့ကိုအဲ့ဓားနဲ့လိုက်ခုတ်ဖူးတယ်လေ အဲ့တုန်းကပြေးလိုက်တာများပုဆိုးတောင်ကျွတ်တယ်"
"မိန်းမ ဘာလို့လျှောက်ပြောနေတာလဲ!"
"ဟုတ်တယ်လေရှင် ကျမမှာအဲ့ပုဆိုးကိုခုထိအမှတ်တရသိမ်းထားတုန်း"
"ဟာ!မိန်းမရာ ဟေ့ကောင် မင်းသွားမှာမဟုဘူးလား မြန်မြန်သွားစမ်း ငါ့ရှေ့က!"
YOU ARE READING
System HeyHey(Completed)
FantasyAll photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယောက်ျားယူဖို့သွားရှာပီ" :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: "mission ေတလ...