ခိမဲရ(Arc -6)

13.3K 1K 19
                                    

<Unicode>
(missionက hostနဲ့ကလေးအသက်မသေစေရန်နဲ့ဇာတ်လိုက်မကိုလက်စားချေရန်ပါ)

(ကောင်းပီ အခုကဘယ်အချိန်ရှိပီလဲ)

(hostကကိုယ်ဝန်၄လရှိနေပီ ဇာတ်လိုက်နှစ်ယောက်ကလက်မထပ်ရသေးပါဘူး ဇာတ်လိုက်ကသူအိပ်လိုက်မိတာဇာတ်လိုက်မ ဟုတ်မဟုတ် လေ့လာနေတုန်း)

(စောသေးတာပဲ)

*ခိမဲရလို့ပဲသုံးပါတော့မယ်*

ခိမဲရရေချိုးခန်းထဲတွင်ကိုယ်လက်သန့်စင်ကာကုမ္မဏီသွားရန်အဝတ်စားထုတ်လိုက်သည်။ယူနီဖောင်းတိုင်းကခပ်ပွပွလေးတေပဲမို့ဝတ်လိုက်ရင်သူ့ဗိုက်လေးကမသိသာတော့ပေ။သူ့တိုက်ခန်းလေကလူတစ်ယောက်ကောင်းကောင်းနေနိုင်ရုံလောက်သာကျယ်သည်။ဒီလိုတိုက်ခန်းအစုတ်လေးမှာAlphaမရှိပဲတစ်ယောက်ထဲကိုယ်ဝန်ဆောင်ပီးကလေးမွေးရတာဘယ်လောက်ခက်ခဲမလဲဆိုတာပြောပြလို့တောင်မရ။

°°°°°°°°°

ကုမ္မဏီရောက်တော့သူ့မှတ်ဉာဏ်ထဲကအတိုင်းသူ့အလုပ်စားပွဲမှာထိုင်ကာလုပ်စရာရှိသည်များကိုလုပ်နေလိုက်သည်။

"ခိမဲရ ဒီဖိုင်လေးceoရုံးခန်းကိုသွားပို့ပေးပါလား"

"ဟုတ် ရပါတယ်ဗျ"

ခိမဲရထိုဖိုင်ကိုယူကာceoရဲ့ရုံးခန်းသို့သွားပီးတံခါးခေါက်လိုက်သည်။

ဒေါက် ဒေါက်

"ဝင်ခဲ့"

"ceo စာရင်းတေလုပ်ထားတဲ့ဖိုင်လာပို့တာပါ"

"အင်း ချထားခဲ့လိုက်ပါ"

"ဟုတ်"

လက်ပ်တော့ကိုသည်းကြီးမည်းကြီးကြည့်နေတဲ့ကိုးလ်ကမျက်မှောင်တေကျုံကာနားထင်ကိုပါလက်နဲ့ဖိထားတာတွေ့တော့...

"ဟို ceoအတွက်သံပုရာရည်လေးဖျော်ပေးရမလားဗျ"

"အင်း လုပ်ပေးပါအုံး"

"ဟုတ်ကဲ့"

ခနနေတော့ခွက်လေးတစ်ခွက်နဲ့ပြန်ရောက်လာသည်။

"ဟိုလေ အစကတော့သံပုရာရည်လုပ်ပေးမလို့ပဲ ဒါပေမယ့်စိတ်လေးလန်းသွားအောင်green teaလေးပဲလုပ်လာပေးလိုက်တယ်"

System HeyHey(Completed)Where stories live. Discover now