~ 0 ~

3.2K 135 27
                                    

Unicode ver

နှလုံးသားသံစဥ်ကို ငြိမ့်ညောင်းစွာတီးခတ်တဲ့
ငွေရောင်ဆံနွယ်တွေ..
လေတစ်ဝှေ့ကျီစယ်လိုက်တိုင်း ယိမ်းနွဲ့သွားတာက အမြင်အာရုံကို အလှဆုံးငွေစင်ခြယ်တယ်။

လှုပ်ရှားနေတဲ့လက်ချောင်းထိပ်နုနုလေးတွေအောက် ချိုးနှိမ်ခံထားရတဲ့ ကြိုးမျှင်တို့က နာခံစွာ..
သွယ်လျလျလက်တစ်ဖက်က စေပါးရာရွေ့စေတဲ့ တယောတံလေးတစ်ချက်ရွေ့သွားတိုင်း ပတ်ဝန်းကျင်က တေးသံသာဖြင့် ကဝေဆန်ဆန်လှလွန်းပြန်တယ်..

မေးရိုးချွန်ချွန်အောက် နေရာတကျတည်နေတဲ့ အညိုရောင် တယောအိမ်။

အသံလှလှထွက်သွားတိုင်း ကျေနပ်သလိုခပ်မှိန်မှိန်ပြုံးတဲ့အခါ ဒူးထောက်ခစားချင်လောက်တဲ့ ဆုတောင်းတွေ။

ကော့ဖြာသောမျက်တောင်ဖွေးစွတ်စွတ်တွေက ငူငူငိုင်ငိုင်မတ်တတ်ရပ်နေသူကို မော်ကြည့်လာပြီး စီးဆင်းနေတဲ့တေးသွားကို တိကနဲပြတ်တောက်စေလိုက်သည်။

"ကျွန်တော်တီးတာ အဆင်ပြေရဲ့လား?"

ဂန္တဝင်တေးသွားသံစဥ်တို့နဲ့ ထိတွေ့လာတာ နှစ်ဆယ့်ငါးနှစ်တိတိ..
သူ့အသံသြသြလောက် နားဆင်၍ကောင်းတာမျိုး တစ်ပုဒ်တစ်လေတောင်မတည်ရှိခဲ့ဖူး..

"ဟင်? ...အင် အဆင်ပြေပါတယ်"

ရည်ရွယ်ချက်မပါဘဲ ညို့ငင်နေတဲ့မျက်ဝန်းတွေကို မခံနိုင်စွာ ရှောင်လွဲလိုက်သည်။

ကျယ်ဝန်းလှတဲ့အမြင်အာရုံက မျက်နှာလွဲလိုက်တာတောင် လှလွန်းတဲ့ ပါးချိုင့်နက်နက်ကို ဆောင်မလေရဲ့..

"တော်သေးတာပေါ့"

ခပ်တိုတိုစကားတစ်ခွန်းကိုဆိုရင်း တယောအိမ်ကို သားရေအိတ်အနက်ထဲထည့်သိမ်းနေသည့်သူ။

"ပြန်တော့မလို့လား?"

အယောင်ယောင်အမှားမှား ဟန့်တားမိတော့ ထိုင်ခုံက မတ်တတ်ရပ်နေပြီဖြစ်တဲ့သူက နံရံပေါ်ကနာရီကိုလက်ညိုးတစ်ချက်ညွှန်ပြသည်။

"အချိန်ပြည့်ပြီလေ"

သူညွှန်ပြတဲ့နာရီကိုလှမ်းကြည့်သည့်အခါ
ညနေခြောက်နာရီစွန်းစွန်းရှိပြီ

His Blonde ( Completed )Where stories live. Discover now