၂၀၃၂ ခုနှစ် စက်တင်ဘာလ
ဆွစ်ဇာလန်နိုင်ငံ Zermatt မြို့တော်။
သဘာဝတောင်တန်းများ ပတ်လည်ဝိုင်းကာခြံရံလျက် ဆိတ်ငြိမ်စွာတည်သောမြို့လေးသည် မျက်လုံးပို့လိုက်သည့်နေရာတိုင်းအလှတရားများဖြင့် ခမ်းနားစွာတန်ဆာဆင်ထားလျက်ရှိသည်။
အုတ်ဖြင့်ဆောက်ထားသော ဗိသုကာပြောင်မြောက်သည့် အဆောက်အအုံများသည် ဥရောပနိုင်ငံ၏ အငွေ့အသက်များအား အပြည့်အဝခံစားနိုင်စေသည်။
မြို့တော်၏ဝဲဘက်တွင် စိမ်းညို့ရောင်မှိုင်းသော တောင်တန်းများရှိပြီး ယာဘက်တွင်နှင်းဖုံးသောအဖြူရောင်ရေခဲတောင်တန်းများ ကာရံထားသည်။အသက်ဝင်နေသောပန်းချီတစ်ချပ်ဟုတင်စားရလောက်အောင် သာယာသောအလှအပ။
ဝေဟင်ဟာပြာရီလျက် စစ်ပွဲမဲ့ပြယုဒ်အဖြစ် ကမ္ဘာမြေ၏ဂုဏ်ယူစရာအဖြစ်ရပ်တည်သော မြို့ပြသည် ယမန်နေ့တွင်လည်းပဲ ငြိမ်းချမ်းစွာ စည်ကားစွာလည်ပတ်လျက်ရှိသည်။
Luzerner Sinfonieorchester မည်သော Orchestra ပွဲကြီးအပြီး ခမ်းနားသောဇာတ်ရုံ၏နားနေခန်းတွင် မြင်လွှာနှစ်ဖက်ကိုမှိတ်ချလျက် အမျိုးသားတစ်ယောက် အနားယူလျက်ရှိသည်။
*ဒေါက် ဒေါက်*
"ချွဲယောန်ဂျွန်းရှီ
အမျိုးသားတစ်ယောက်ဧည့်တွေ့ခွင့်တောင်းနေလို့ပါရှင့်"တံခါးအပြင်ကဝန်ထမ်းမလေးအသံကြောင့် ဆိုဖာခုံမှာသက်တောင့်သက်သာမှီလျက်ထိုင်နေရာက ခန္ဓာကိုယ်ကိုမတ်ကာ မျက်လုံးတို့ကိုဖွင့်လိုက်ရင်း
"ဘယ်သူတဲ့လဲ"
"ချွဲဘောမ်ဂယူလို့ပြောပါတယ်"
"အာ ဘောမ်ဂယူလား?
အခန်းထဲလမ်းပြပေးလိုက်ပါလား""ဟုတ်ကဲ့"
ဒေါက်ဖိနပ်အသံတဒေါက်ဒေါက်သည် အခန်းဆီကဝေးကွာသွားပြီးနောက် မကြာခင်မှာ အခန်းထဲကို လူတစ်ယောက်ဝင်လာသည်။
"ဟေး ချွဲယောန်ဂျွန်း မတွေ့ရတာကြာရောပေါ့"
အပြုံးရွှင်ရွှင်ဖြင့်နှုတ်ဆက်သူဟာ မျက်နှာချင်းဆိုင်ကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
YOU ARE READING
His Blonde ( Completed )
Hayran Kurguthe heart wants what it wants ~ Starting Date - 21.11.2022 Ending Date - 7.4.2024