နို့နှစ်ရောင်အသားအရေကို ထင်ပေါ်စေတဲ့ အနက်ရောင်ဝမ်းစက်ဝတ်အမျိုးသားငယ်ဟာ သော့မခတ်ထားတဲ့ခြံတံခါးပုလေးကိုတွန်းဖွင့်ရင်း ရင်ခုန်သံဆီ တစ်လှမ်းချင်းနီးကပ်လာတယ်
အသက်ရှူနှုန်းကိုခံစားလို့ရတဲ့အထိ အနီးကိုရောက်တဲ့အခါ ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီးတာနဲ့ ခန္ဓာရပ်တစ်ကိုယ်လုံးကိုပုခုံးနှစ်ဖက်က တင်းခနဲပွေ့ဖက်ကာ မေးရိုးချွန်လေးကို လည်တိုင်စပ်မှာခိုနားလာတယ်
"ဆူဘင်း?"
"ခဏလေး
ကျွန်တော်ဒီနေ့ပင်ပန်းလာလို့"နားထိပ်ဖျားလေးမှာ ပါးအိအိလေးတွေရဲ့ အထိအတွေ့ကိုခံစားနေရတယ်
ကိုယ့်ထက်မြင့်တဲ့အရပ်အမောင်းကြောင့် ကိုင်းထားရတဲ့ကျောလေးကိုခပ်ဖွဖွပွတ်ပေးဖြစ်တော့ ပိုတင်းလို့ဖက်လာပြီး နှုတ်ခမ်းပါးလေးတွေနဲ့ လည်တိုင်ကိုမထိတထိနမ်းနေသေးတယ်"ဒီနေ့ orchestra အဆင်ပြေခဲ့လား"
"အင် မင်းရော
ဒီနေ့တစ်နေ့တာအဆင်ပြေခဲ့ရဲ့လား"မဖွင့်ထုတ်ချင်တဲ့စကားလုံးတွေကို ခပ်တိုးတိုးလေမှုတ်သံလေးနဲ့အစားထိုးလျက် နှုတ်ဆိတ်နေပါတယ်
ပိုတိုးကပ်လာတဲ့အနွေးဓာတ်ကြောင့် ငွေရောင်ဆံပင်လေးတွေကလည်တိုင်ကိုလာစူးတယ်"မင်းရေမချိုးရသေးဘူးလား"
ဆူဘင်းက ခပ်တိုးတိုးရယ်မောလိုက်ပြီး
"ဘယ်လိုသိတာလဲ
နံနေလို့လား""မဟုတ်ပါဘူး
ဆံပင်တွေစေးနေလို့"ဖက်ထားတဲ့ခန္ဓာကိုခွာစေလျက် အကြည့်ချင်းဆုံစေကာ ယောန်ဂျွန်းရဲ့နှုတ်ခမ်းဖူးလေးကို ဖွခနဲတစ်ချက်နမ်းလိုက်ပြီးနောက်
"ဒီနှုတ်ခမ်းလေးကိုနမ်းရတာလွမ်းလို့ တန်းလာတာလေ"
"နမ်းရတာပဲလွမ်းတာလား
လူကိုကျမလွမ်းဘူးပေါ့"ဘဲပေါက်လေးလို နှုတ်ခမ်းလေးစူပြီး မဆိုးတဲ့စိတ်ကိုဆိုးပြနေတဲ့ကောင်လေးကဆူဘင်းမျက်လုံးထဲချစ်စဖွယ်အတိ
အသဲယားစရာကောင်းလွန်းနေတော့ သည်းမခံနိုင်တော့ဘဲ ပါးလုံးလုံးလေးတစ်ဖက်ကို သွားတိတိလေးတွေနဲ့ ကိုက်ပစ်တယ်
![](https://img.wattpad.com/cover/326931632-288-k8025.jpg)
YOU ARE READING
His Blonde ( Completed )
Fanfictionthe heart wants what it wants ~ Starting Date - 21.11.2022 Ending Date - 7.4.2024