~ 1 ~

1.4K 123 25
                                    

Unicode ver

"ဘာ ဖွင့်ပြောလိုက်ပြီ!"

စားပွဲကိုဝုန်းခနဲထုပြီး ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်သူက ကော်ဖီဆိုင်ထဲကလူတွေရဲ့ အကြည့်မှန်သမျှကိုရယူသည်။

လှုပ်လှုပ်ရှားရှားအသက်ဝင်နေတဲ့ ထိုသူရှေ့မှာတော့ စားပွဲထက်က ကော်ဖီခွက်ပူပူကို မှိုင်တွေရင်း ငြိမ်သက်စွာငေးမောနေသူတစ်ယောက်ရှိသည်။

"ချွဲယောန်ဂျွန်း မင်းကတော့လေ"

လေပူတွေကို စိတ်ပျက်လက်ပျက်မှုတ်ထုတ်ရင်း ပြောလာသည့် မျက်နှာချင်းဆိုင်ကသူကြောင့် နောင်တတွေကပိုကြီးရပါရဲ့..

"ငါလည်း ဖွင့်ပြောဖို့မရည်ရွယ်ထားပါဘူး
ဒါပေမယ့်.....ဒါပေမယ့် ဒီတိုင်းပဲ ပြောထွက်သွားတာ သူ့မျက်လုံးတွေကိုမြင်တော့ ဒီတိုင်းပဲလွတ်ခနဲထွက်သွားတာ.."

"...."

"အပိုင်ရချင်တယ်ဆိုတာထက် သူ့မျက်လုံးတွေက သိပ်ဝမ်းနည်းဖို့ကောင်းနေလို့ နှစ်သိမ့်ခွင့်လေးဖြစ်ဖြစ်ရချင်ခဲ့ရုံပါ"

"မင်းကတော့လုပ်ပြီ
သူ့အကြောင်းဘယ်လောက်သိလို့ ဒီလောက်တောင်ရူးနေရတာလဲ "

"သိတာပေါ့
ချစ်ဖို့ကောင်းတယ် ချောတယ် ချစ်ဖို့ကောင်းတယ် ချစ်ဖို့မတရားကောင်းတယ်"

အပြုံးမျက်နှာနဲ့ အတည်ပေါက်ပြောနေတဲ့သူက ဆေးဝါးကူလို့မရလောက်အောင် ရောဂါရင့်နေပုံပဲ

"မင်းနဲ့လည်း ခက်ပါတယ်
နာမည်အရင်းတောင်သိတာမဟုတ်ဘဲနဲ့"

"နာမည်ကဘာအရေးကြီးလို့လဲ
ငါခေါ်ချင်သလိုခေါ်လို့ရတာပေါ့"

"အသက်ကရော"

"၂၂ ဝန်းကျင်လောက်ထင်တယ်"

"ထင်တယ်?
မင်းသူနဲ့ပတ်သတ်ပြီး အတိအကျသိတာဘာရှိလဲ"

စကားတစ်ခွန်းက အသက်ရှုခြင်းကိုရပ်တန့်စေသည်။

လူတစ်ယောက်နဲ့ပတ်သတ်ပြီး ဘာမှမသိတဲ့အခါ အဲ့ဒီလူကသူစိမ်းဆိုတဲ့ ဖြစ်တည်မှုထက် မပိုဘူးမလား?

သူရော ကိုယ့်အကြောင်းတွေသိရဲ့လား?
စိတ်ဝင်စားနေတဲ့ကိုယ့်ဘက်ကတောင် သူ့အကြောင်းဘာမှမသိမှတော့ သူ့ဘက်ကသိနေဖို့ကို မျှော်လင့်ချက် မြူမှုန်လောက်တောင်မထားနိုင်ပါလေ

His Blonde ( Completed )Where stories live. Discover now