Unicode ver
"ကျွန်တော် သွားတော့မယ်"
လရောင်ဖြာတဲ့အခန်းထဲ အပြုံးတွေထပ်တူကျနေတဲ့အလယ် ဖြတ်စီးလာတဲ့စကားလုံးတွေက ဘာရယ်မဟုတ် ယောန်ဂျွန်းစိတ်ကို ပူပန်စေတယ်
ယှဉ်ထိုင်နေတဲ့ ကုတင်မွေ့ယာဟာ လွတ်သွားတဲ့အနွေးဓာတ်ကြောင့် အနည်းငယ်လှုပ်ရှားသွားပြီးနောက် ကျောခိုင်းဖို့ပြင်နေတဲ့ကိုယ်ထည်လေး
လက်ဖျားထိပ်လေးတွေကို မဝံ့မရဲဆုပ်ကိုင်တားမြစ်တော့ လှည့်ကြည့်လာတဲ့မျက်ဝန်းညိုလေးတွေနဲ့ ဆုံမှတ်သည်
"မ...သွားပါနဲ့လား"
မော့ကြည့်လျက် တောင်းခံနေတဲ့ မျက်ဝန်းအိမ်လေးတွေအား သခင်က ဂရုဏာသက်စွာဖြင့် ပါးချိုင့်နက်ထင်းထင်းကလေးတွေကို လက်ဆောင်ပဏ္ဍာအဖြစ် အပ်နှင်း၏
နှစ်သက်သည်
သူ့အပေါ်မှာ ရစ်မူးနေတဲ့ အဲ့ဒီကြောင်ငယ်လေးလိုမျက်လုံးတွေကို သူအင်မတန်မှ သဘောတွေ့သည်သခင်က ခန္ဓာကိုယ်ကို ခစားသူဘက်ပြန်လှည့်စေရင်း ခါးကိုကိုင်းညွတ်လိုက်ကာ ပါးမို့မို့လေးတွေကို လက်တစ်ဖက်နဲ့ဖမ်းကိုင်လိုက်သည်
"ဒါက ဖိတ်ခေါ်နေတာလား"
နီးကပ်စွာမြင်နေရတဲ့ မျက်နှာလေးမှာ နီတက်နေတဲ့ပါးနုနုလေးကို အနုစိတ်မြင်ရတာက ရင်ခုန်စရာပဲ
မျက်ခမ်းစပ်အနီးက မှဲ့နက်ကလေးကို သခင်က လက်မသွယ်သွယ်ဖြင့် ပွတ်သပ်ရင်း နှုတ်ခမ်းစွန်းတစ်ဖက်တည်းကိုသာ ဆွဲဆောင်မှုပြင်းပြင်း ပင့်တက်စေထားသည်
"အင်း ဖိတ်ခေါ်နေတာ"
မဆိုသလောက် တုန်ရီနေတဲ့ဖူးလွှလွှနှုတ်ခမ်းတွေက ဘာကိုဆိုလိုမှန်း ကောင်းကောင်းသဘောပေါက်တဲ့ပုံပါပဲ
"ဒါဆို ကျွန်တော့်ကိုစိတ်ပါအောင်လုပ်လေ"
ဩရှရှ အသံနိမ့်နိမ့်က တမင်တကာဆွဲဆောင်နေတာ
ပါးပေါ်က ဝင့်ထည်ထည် ပါးချိုင့်တစ်ဖက်တည်းက တမင်တကာ လူကိုကျီစယ်နေတာ
ယောန်ဂျွန်းက တုံ့ဆိုင်းစွာဖြင့် အောက်နှုတ်ခမ်းလွှာဖူးကြွကြွကို တစ်ချက်ကိုက်ခဲသည်
YOU ARE READING
His Blonde ( Completed )
Fanficthe heart wants what it wants ~ Starting Date - 21.11.2022 Ending Date - 7.4.2024