Part 1 (U)

1K 35 1
                                    


Uni

"လိုက်...လိုက်...မလွတ်စေနဲ့..."

Yမြို့တော်၏မြို့လည်ကောင်၌ပြေးလွှားနေကြသောလူတစ်စု....။လူတစ်ယောက်နှင့်လူတစ်စုဟုပြောလျှင်ပိုမှန်လိမ့်မည်...။

တကိုယ်လုံးကိုအနက်မှောင်မှောင်တွေသာဆင်ယင်ထားသောလူငယ်ပုံစံလူတစ်ယောက်ကရှေ့မှာပြေးနေပြီးကင်မရာကိုင်ထားသည့်လူလေးငါးယောက်တစ်စုသည်လည်း ထိုလူငယ်နောက်ထပ်ကြပ်မကွာစေပဲအသည်းအသန်ပြေးလိုက်လျှက်...။

ပါးစပ်ကလည်းအချင်းချင်းအားပေးသယောင်အမှီလိုက်ဖို့တိုက်တွန်းသံတွေကတညံညံ....။

"တောက်...မောလိုက်တာကွာ...F***...."

တစ်ယောက်တည်းပြေးလွှားရင်း တီးတိုးရေရွတ်သံနဲ့အတူ ကြိမ်းမောင်းဆဲဆိုသံကတွဲလျှက်သား....။

"လိုက်...လိုက်...ခဏလေးဖယ်ပေးပါ...ခဏလေးဖယ်ကြပါ....မလွတ်စေနဲ့ ဟေ့ကောင်တွေ..."

လူအုပ်ကြားထဲတွန်းထိုးပြေးလွှားမှုကြောင့် ပုံမှန်သွားလာနေသူတို့အယိုင်ယိုင်အနဲ့နဲ့...။ထိုအခိုက်အတန့်မှာတော့ထိုယိုင်နဲ့နဲ့လူတချို့မျက်နှာမှာ အဓိပ္ပါယ်အမျိုးမျိုးပေါ်နေ၏...။

တချို့ကဘာဖြစ်တာလဲဆိုသည့်အမေးဆောင်သောမျက်နှာတွေနဲ့...။

တချို့ကတော့မ​ကျေမနပ်ဆဲဆိုသံတွေနဲ့...။

ပြေးလွှားနေသောလူတချို့ကတော့ ထိုသို့သောလူတချို့အားဂရုစိုက်နေဖို့မအားသယောင်​ဆက်လက်ပြေးလွှားနေကြဆဲပင်ရှိချေ၏...။

တစ်ဖက်လမ်းသို့ကူးရန်မျဉ်းကြားအရောက် အနည်းငယ်အလှမ်းဝေးနေသောကင်မရာကိုင်လူတစုကိုတစ်ချက်ကြည့်ပြီးခပ်သုတ်သုတ်ပြေးကာတစ်ဖက်မှာရပ်ထားသော Taxiပေါ်၀င်ထိုင်လိုက်၏....။

"မြန်မြန်မောင်းပေးပါကားဆရာ...တောင်းသလောက်ပေးပါ့မယ်..."

လက်ထဲမှပိုက်ဆံအိတ်ကိုဇစ်ဆွဲဖွင့်ကာပိုက်ဆံများကိုပြလိုက်ပြီးအမြန်မောင်းပေးဖို့ပြောလိုက်မှခေါင်းတဆတ်ဆတ်ငြိမ့်ပြကာလေအလျှင်လိုမောင်းထွက်လာသည့်ကားကြောင့်ဟူးကနဲသက်ပြင်းချကာအမောဖြေလိုက်မိသည်...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now