Part 5 (U)

128 20 0
                                    

Cနိုင်ငံအချိန်ညနေ၄နာရီမှစတင်ပျံသန်းခဲ့ရာ10နာရီခန့်အကြာလေယာဥ်စီးပြီးသည့်နောက် ရှောင်းကျန့်တို့အားသယ်ယူလာသော၀မ်Group၏ကိုယ်ပိုင်လေယာဥ်သည် Aနိုင်ငံလေဆိပ်သို့ဆိုက်ရောက်လေ၏...။

မနက်ဝေလီဝေလင်းအချိန်လေယာဥ်ဆိုက်သည်မို့ ရိပေါ်Fanတွေမရှိနိုင်ဘူးလို့ထင်ခဲ့ပေမယ့် လေဆိပ်ထဲ၀င်သည်နှင့်ရိပေါ်၏ပုံမျိုးစုံတို့အားကိုင်ဆောင်ကာကြိုဆိုနေကြသည်ကမိန်းကလေး ရောယောကျ်ားလေးတို့ပါ လူစုံတက်စုံ...။

ရိပေါ်ဆင်းလာသည်နှင့်သူတို့idolကဆူဆူညံညံလုပ်တာကိုမကြိုက်မှန်းသိသဖြင့် အသည်းယားလို့ အားကနဲအော်သည့်အသံတို့ကခပ်တိုးတိုးခပ်ကြိတ်ကြိတ်သာထွက်ပေါ်လာ၏...။

ရိပေါ်သွားဖို့လမ်းဖယ်ပေးထားပြီးလက်ဆောင်ပေးချင်သည့်ပန်းစီးတချို့ စာလွှာတချို့ကို ရှောင်းကျန့်ကအသာဆွဲယူပြီးကျေးဇူးစကားဆိုတော့ အနားကပ်လာကြကာမကြားတကြားလေးတောင်းဆိုလာကြ၏...။

"ကျန့်ကောကော ပေါ်တိလေးအနားအမြဲရှိပြီးစောင့်ရှောက်ပေးပါနော် အစစအရာရာအတွက်အပ်ပါတယ်.."

"အမ်း ဒါပေါ့ ဒါပေါ့ ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးမှာမို့ စိတ်ချ စိတ်ချ..အာ့ မားမားရေ..."

ထိုစဥ်ဘယ်ဘက်လက်မောင်းသားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာဆွဲခေါ်ခံလိုက်ရသည်မို့ခြေတရွတ်တိုက်ပါသွားရ၏...။

"ရှေ့ကိုကြည့်သွား..ပြီးရင်ဟိုခလုတ်တိုက်ဒီခလုတ်တိုက်နဲ့...သွားအအေးပတ်အောင်လည်းဖြီးမနေနဲ့..မျက်နှာပိုးကိုမသေဘူး..."

လေဆိပ်ရှေ့၌အဆင်သင့်စောင့်နေသောကားထဲသို့မ၀င်ခင် ဘုကလန့်သခင်လေးအစား fanတွေကိုလှည့်နှုတ်ဆက်တော့ ကားထဲအတင်းထိုးထည့်ကာအသံသြသြမာမာကြီးဖြင့်ပြောလာ၏...။

ထိုစဥ် လူအုပ်ကြီးထဲမှအားကနဲခပ်ကြိတ်ကြိတ်အော်သံနဲ့အတူ တိတိလေးအသံကြားရပြီတို့ တိတိလေးအသံကကြည်ကြည်လေးတို့ ရိပေါ်ရေအသံသြလာလိုက်တာတို့စသည်ဖြင့်အသံပေါင်းစုံတို့ကအစီအရီထွက်ပေါ်လာတော့သည်...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now