Part 3 (U)

149 17 0
                                    

ဒီနေ့ဟာWang Groupရဲ့ကိုယ်ပိုင်ဆေးရုံစတင်တည်ထောင်သည့် ၂၅နှစ်ပြည့်ငွေရတုနှစ်ပတ်လည်နေ့..။

၀မ်သခင်ကြီးနေထိုင်ရာ၀မ်စံအိမ်တော်၀န်းထဲ၌လူကုံထံအမျိုးသား အမျိုးသမီး ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်အစုံအလင်တို့သာ၀င်ဆံ့နိုင်သောပါတီပွဲတစ်ခုကျင်းပနေသည်မို့စကားပြောသံ တေးသီချင်းသံတို့ဖြင့်ဆူညံနေသည်..။

လုပ်ငန်းပူးပေါင်းနိုင်ဖို့အရေးဆွေးနွေးလိုကြသောလုပ်ငန်းရှင်တချို့အတွက် ၀မ်လုပ်ငန်းစုမှပါတီပွဲကိုတက်ရောက်ခွင့်ရတာထီပေါက်သလိုပင်..။

အဘယ်ကြောင့်ဆိုသော် နိုင်ငံအနှံ့ မြို့အနှံ့မှ ဆေးရုံလုပ်ငန်း ဘဏ်လုပ်ငန်း ဆောက်လုပ်ရေး စသည့်လုပ်ငန်းစုပေါင်းစုံတို့၏အလင်းအမှောင်လုပ်ငန်းရှင်များအားလုံးတက်ရောက်ကြသည့်ပွဲတစ်ခုဖြစ်တာကြောင့်ပင်..။

နှစ်တိုင်းထိုပါတီပွဲကိုတင်ရောက်ခြင်းဖြင့်လိုအက်သောပူးပေါင်းမှုတို့ရရှိကာစီးပွားရေးအောင်မြင်တိုးတက်ကြသည်မို့ဖိတ်ကြားခံရသူအတွက်တော့၀မ်လုပ်ငန်းစု၏ပါတီပွဲသည်လာဘ်ခေါ်အရုပ်ကလေးတစ်ခုပင်ဖြစ်ချေ၏..။

လာရောက်ကြသောဧည့်ပရိသတ်တို့သည်လည်းလုပ်ငန်းရှင်ကြီးများသာစုဝေးထိုင်နေသည့်ပါတီကျင်းပရာအလည်တည့်တည့်ရှိနားနေဆောင်သို့သွားကာ၀မ်သခင်ကြီးအားအမှတ်တရလက်ဆောင်များပေးရင်းမိတ်ဆက်နေကြသည်မှာအစီအရီ..။

......

၀မ်သခင်လေးဖြစ်သည့်၀မ်ရိပေါ်နေထိုင်ရာ၀မ်အိမ်တော်ရဲတိုက်အတွင်း၌..

"မြန်မြန်လုပ်ပါရိပေါ်ရယ် သခင်ကြီးစောင့်နေပြီ"

သီးသန့်ဒီဇိုင်နာချုပ်သည့်အနက်နှင့်အဖြူရောကာအကွက်စိပ်ဖော်ထားသောSuitကို၀တ်ဆင်ဖို့အရေးအနားကနေတဂျီဂျီနားပူနေရသည်မို့ရှောင်းကျန့်စိတ်မကြည်ချင်..။

နာရီကြည့်တော့ ၈နာရီခွဲပြီမို့ရောက်သင့်သည့်အချိန်ထက်နောက်ကျနေလေပြီ..။

"မျက်နှာအဆင်ပြေလား မျက်နှာမော့ကြည့်...ကြည့်ကြည့်ရအောင်...အာ့ကြောင့်ပြောသားပဲ လိမ်းနေကျမိတ်ကပ်ဆရာခေါ်လိုက်ပါဆို..ငါ့ကိုပဲကြည့်လိမ်းလိုက်ဆိုတာကြည့်ပဲ..."

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now