Part 11 (U)

85 10 0
                                    

အပိုင်း၁၁

S3စမ်းသပ်ခန်း၀င်ရမည့်နေ့ဖြစ်သည့်အတွက် ဒီနေ့ရှောင်းကျန့် မနက်ခပ်စောစောပင်ထကာအဆင်သင့်ဖြစ်အောင်ပြင်ဆင်နေလိုက်၏။

မနက်စာကိုအ၀စားပြီးနောက်၈နာရီထိုးခါနီးသည်နှင့်S3အခန်းရှေ့ဆီထွက်လာခဲ့လိုက်သည်..။

ဒီနေ့ မိုးဖွဲဖွဲကျသည်မို့အပြင်ဘက်ဆီကလေညှင်းသွဲ့သွဲ့သည်လည်းအအေးဓာတ်အနည်းငယ်ရောယှက်နေပြန်သည်..။

နေရောင်လည်းမမြင်ရသလိုကောင်းကင်တစ်ခုလုံးအုံ့မှိုင်းနေသဖြင့်အချိန်တစ်ခုအတွင်းမှာပဲသည်းထန်စွာရွာတော့မည့်ဟန်ပြနေသေး၏။

"ရှောင်းကျန့် ခဏနေအုံး"

S3စမ်းသပ်ရေးအခန်းအားဖွင့်တော့မည့်အခိုက်ယွီပင်း၏အလောတကြီးပြေးလာသောခြေသံနှင့်အတူအော်ဟစ်တားမြစ်သံအားကျယ်ကျယ်လောင်လောင်ပင်ကြားလိုက်ရ၏။နောက်မှာလည်းအကိုရှီးချန်တစ်ယောက်ကပ်ပါလျက်သား..။

"ဘာလို့လဲ..ရိပေါ်ဘာဖြစ်လို့လဲ.."

တစ်ခုခုအားစိတ်ပူဟန်ပြနေသည့်နှစ်ယောက်လုံး၏မျက်နှာထားတို့ကြောင့်အလောတကြီးမေးလိုက်မိသည်..။

သူ့အမေးကြောင့်ယွီပင်းကတအံ့တသြဖြစ်သွားကာပြန်မေးလာ၏။

"ရိပေါ်အကြောင်းပြောမယ်မှန်းမင်းဘယ်လိုသိလဲ.."

ထိုအမေးကြားတော့ရှောင်းကျန့်ရယ်လိုက်မိသည်..။

"အကိုရော မင်းရော ငါ့ဆီအပြေးလာပြောမယ့်အကြောင်းရင်းကရိပေါ်အကြောင်းပဲဖြစ်နေနိုင်တာမလို့ပေါ့..ပြော..ဘာဖြစ်လို့လဲ.."

"ပစ္စည်းပို့တဲ့နေရာကို ရိပေါ်ဒီနေ့ဦးဆောင်သွားမှာ"

အကိုရှီးချန်စကားအဆုံးS3အခန်းရှေ့မှအပြေးထွက်လာခဲ့ပြီးလက်နက်အခန်းဆီ၀င်လာလိုက်၏။

"သေနပ်ပစ်တာသူ့စိတ်ကအဆင်မပြေသေးပဲနဲ့ ဘာလို့လွတ်လိုက်ရတာလဲ...အာ အကိုလည်းသူ့ကိုပြောမနိုင်ဘူးမလား..ရိပေါ်မသိအောင်ကျွန်တော်လိုက်သွားမယ်.."

"ယွီပင်းမင်းပါလိုက်သွား...."

ထိုအမိန့်ရသည်နှင့်ပစ္စည်းအစုံထည့်ထားသည့်အင်္ကျီအနက်အားခပ်မြန်မြန်၀တ်လိုက်၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now