Part 12 (U)

86 12 0
                                    

အပိုင်း၁၂

ကျောင်းတွေပြန်ဖွင့်ခါနီးလာသလိုလေ့ကျင့်ရေးအားလုံးလည်းပြီးသွားပြီမို့အိမ်ပြန်ခွင့်ပေးလေပြီ..။

လေ့ကျင့်ရေးကိုရိပေါ်မသိအောင်လာရသည်မို့နှုတ်ဆက်ပွဲတောင်မနေဖြစ်တော့ပဲရှောင်းကျန့်ချက်ချင်းပြန်ဖို့ပြင်ရ၏။

အိမ်ကိုရိပေါ်သူ့အရင်ကြိုရောက်နေလို့မဖြစ်..။

လာတုန်းကအတိုင်းကျောပိုးအိတ်ကိုလွယ်ကာထွက်လာတော့ ယွီပင်းကကားတံခါးကိုပုတ်ပြလာ၏။

"လိုက်ပို့ပေးမယ်..ငါလည်းလေ့ကျင့်ရေးထွက်ပြီဆိုတော့ တူတူပြန်တာပေါ့.."

"အိမ်အထိအရောက်လား..အပြန်လည်းခြေကျင်ပြန်ရအုံးမှာလား.."

မယုံသင်္ကာဖြင့်မေးလာသောရှောင်းကျန့်ကြောင့် ယွီပင်းရယ်လိုက်မိ၏။

အလာတုန်းကတောစပ်အထိခြေကျင်လျှောက်လာခဲ့ရသည်မဟုတ်လား..။

"အိမ်အထိပါကွာ..အိမ်အထိပါ..တက်ပါတော့"

"အတည်လား.."

မယုံသေးဟန်ဖြင့်ထပ်မေးလာပြန်၏။

"အတည်..မင်းအခုမတက်ရင် ရိပေါ်ကအရင်ရောက်တော့မှာနော်...သခင်ကြီးနဲ့တွေ့ပြီးရင်မင်းရှိရာ​အပြေးလာတော့မှာ"

"အိုက်ယား..အိုက်ယား..မဖြစ်ဘူး..မဖြစ်ဘူး..သွားမယ်..သွားမယ်"

ထိုအခါမှအလန့်တကြားအော်ကာကားပေါ်ခုန်တက်သွားသူအားကြည့်၍ယွီပင်းရယ်နေမိ၏။

၀မ်စံအိမ်တော်အတွင်း၌

"လေ့ကျင့်ရေးတွေပြီးခဲ့ပြီမို့ဂုဏ်ယူပါတယ်သား.."

ဖခင်ဖြစ်သူကမ်းပေးလာသည့်အရက်ခွက်ကိုယူရင်းရိပေါ်တစ်ငုံမျှသောက်လိုက်၏။

"ချီးကျုးမစောပါနဲ့ပါး..သား ပါးအလိုကိုလိုက်တာအကြောင်းရှိလို့..အဲ့အကြောင်းရင်းကိုလည်းမကြာခင်ဖွင့်ပြောပြမှာမို့ပါးနဲ့ကျွန်တော်ဆန့်ကျင်ဘက်မဖြစ်ချင်ဘူး ..ပြန်တော့မယ်..ရှောင်းကျန့်စောင့်နေတော့မယ်.."

ဖခင်ဖြစ်သူစကားပြန်ကိုတောင်မစောင့်တော့ပဲ ခြေလှမ်းကျဲကြီးများဖြင့်လျှောက်ကာစံအိမ်အတွင်းမှထွက်လာခဲ့လိုက်၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now