Part 21 (U)

156 16 2
                                    

အပိုင်း ၂၁

သစ်ပင်သစ်ကိုင်းအုံ့ဆိုင်းနေသောတောပီပီမနက်လင်းသည်နှင့်ကျေးငှက်တို့၏တစာစာမြည်သံကိုအရင်ကြားရ၏။မြို့မှာနားယဥ်ခဲ့ရသောကားသံ စက်သံ ဟွန်းသံများအားသဲ့သဲ့ပင်မကြားရ...။

Uနိုင်ငံကနွေရာသီနဲ့ဆောင်းရာသီဟူ၍နှစ်မျိုးသာရှိသည်မို့မိုးရွာတာသိပ်ရှားသည်...။၆လပိုင်းလလယ်မှလကုန်အထိနှင့်၁၂လပိုင်းတစ်လလုံးထိုအချိန်များမှသာမိုးသံကြားရ၏။၁လပိုင်းမှ၆လအထိအပူချိန်ပြင်းပြီး၆လမှနှစ်ကုန်အထိအအေးဓာတ်လွန်ကဲနေတက်သည်...။

!!!!!!တီ တီ တီ တီ!!!!!

အိပ်ယာနိုးနေသော်လည်း၅မိနစ်ခန့်ထပ်မှေးနေသည်မို့Alarmဒုတိယတကြိမ်မြည်မှကိုယ်ပေါ်မှစောင်ကိုခွာချကာထထိုင်လိုက်၏။

ဒီနေ့Uနိုင်ငံရှိလက်နက်စက်ရုံအားဦးစီးကြီးကြပ်ရမည့်ပထမဆုံးနေ့...။

ထို့ကြောင့်မိတ်ဆက်တာရောလုပ်ငန်းစီစစ်တာပါတစ်ခါတည်းပြုလုပ်ဖို့ဆုံးဖြတ်ထားသည်မို့အစောထမှဖြစ်မည်..။

ကုတင်ပေါ်မှဆင်းကာရေအေးဖြင့်ရေချိုးလိုက်ပြီးနောက် ပေါ့ပါးသောအင်္ကျီသာ၀တ်၍ဆံပင်ကိုလည်းဘာမှမလိမ်းဘဲထားလိုက်၏။

၁လပိုင်းဆန်းကာစမို့အအေးဓာတ်ရောအပူဓာတ်ပါရောယှက်နေဆဲ..။သို့သော်လည်းစက်ရုံအတွင်းမှာပဲသွားရမည်မို့အင်္ကျီကခပ်ပါးပါးသာ၀တ်ထား၏။

နေထိုင်ဖို့နေရာကနှစ်ထပ်တိုက်သေးသေးလေးတစ်လုံးရှိသည်မို့အဆင်ပြေ၏။လူမနေသောနေရာဆိုပေမယ့် အမြဲသန့်ရှင်းရေးလုပ်ထားတော့အဆင်သင့်နေရုံသာ...။

စက်ရုံမှစက်သံများလည်ပတ်သံ ထွက်လာသည်နှင့်ဖုန်းကိုဆွဲယူကာအောက်ထပ်ဆင်းလာခဲ့လိုက်၏။

"မစ္စတာSeanမနက်စာအဆင်သင့်ဖြစ်ပါပြီ"

သူ့ခြေသံကြားတယ်ဆိုရင်ပဲမီးဖိုချောင်ထဲကနေခေါင်းပြူရင်းပြောလာသူကမနေ့ကသူ့အားလာကြိုသည့်လူပင်ဖြစ်၏။

သူ့နာမည်က ဂျော်ဒန်ဘရစ်...။အမေရိကန်လူမျိုးပီပီခန္ဓာကိုယ်ထွားသလိုအရပ်လည်းရှည်၏။ပယင်းရောင်မျက်ဆံကြောင့်အကြည့်တို့ကစူးရှဟန်အတိ...။အသားအရည်ကအနည်းငယ်သာညို၏။ဆံပင်အနေနဲ့တော့ကတုံးဆံပင်ဖြင့်သာ..။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now