Part 13 (U)

75 10 0
                                    


အပိုင်း၁၃

C နိုင်ငံ၏ဗဟိုအလယ်ရှိကြီးမားကျယ်ပြန့်သော ကာစီနိုကစားခန်းမကြီးထဲ၌ အနိုင်ရသူတို့၏အားပါးတရဟစ်ကြွေးသံ၊ရှုံးသူတို့၏အားမလိုအားမရတောက်ခေါက်သံ၊ကစားသမားအချင်းချင်းညာသံပေးတို့ဖြင့်ဆူညံပွတ်လေရိုက်နေလေ၏။

"ဖောင်း"

ထိုအခိုက်စူးရှစွာထွက်ပေါ်လာသောသေနပ်သံကြောင့်ထိုသို့သောဆူညံသံအားလုံးတို့သည်ငြိမ်သက်တိတ်ဆိတ်ကုန်ပြီးအပ်ကျသံပင်မကြားရတော့ချေ...။

ထိုစဥ်ထိုသို့ငြိမ်သက်မှုတို့အကြားဖိနပ်သံတဒေါက်ဒေါက်ထွက်ပေါ်လာပြီးမျက်နှာဖုံးတပ်ထားသည့်လူတစ်ယောက်သည်မာန်ဟုန်အပြည့်ဖြင့်လျှောက်လှမ်းလာနေလေ၏။

ပိတ်ကာဆီးနေသောလူတို့သည်လည်းထိုလူအားမြင်သည်နှင့်လမ်းဖယ်ပေးသလိုဘေးကပ်ပေးကြလေ၏။

"အဲ့တာဘယ်သူလဲ"

ရှေ့မှဖြတ်ကျော်သွားသောကျောပြင်အားကြည့်ရင်းကစားသမားတစ်ယောက်ကအခြားတစ်ယောက်အားမေးလာ၏။

"ဆာမူတိုဆာဂိုဏ်းကသခင်လေးလေကွာ...ဒီကာစီနိုကိုအမြဲလာပြီးငွေအများကြီးဖြုန်းနေတဲ့သူဌေးသားလေးပေါ့"

"ဖောင်း.."

ထိုသေနပ်သံနှင့်အတူအစောကစကားပြောနေသောကစားသမားတစ်ယောက်သည်ကြမ်းပြင်ပေါ်သို့လဲကျသွားသည်အားမြင်သည်နှင့်တခြားသောကစားသမားသည်တုန်လှုပ်နေဟန်ဖြင့်မျက်ကလူးဆန်ပြာဖြစ်နေလေ၏။

"အစောကသူပြောတဲ့စကားမှားတယ် ငွေဖြုန်းတာမဟုတ်ဘူး..ငါကတောင်လိုပုံနေတဲ့ငါ့ငွေတောင်ကြီးကိုဖြိုပေးနေတာ..မင်းသိထားရမှာအဲ့လိုပဲ ကြားလား..."

မျက်နှာဖုံးဖြင့်လူကသေနပ်ပြောင်း၀ဖြင့်ပါးကိုရိုက်ကာပြောတော့ထိုကစားသမားသည်ယောင်ယောင်နနဖြင့်ခေါင်းတဆတ်ဆတ်ငြိမ့်လာ၏..။ထိုအခါမှမျက်နှာဖုံးနှင့်လူသည်သဘောတကျပြုံးကာလှည့်ထွက်သွားလေ၏။

ထိုလူVVIPအထပ်ကိုတက်ကာကျောပြင်ကွယ်ပျောက်သွားသည်နှင့်အစောကအလောင်းသည်လည်းအနက်ရောင်၀တ်ထားသောလူတစ်စုကဆွဲယူသွားပြီးကစား၀ိုင်းတို့သည်လည်းပြန်လည်အသက်၀င်ကာဆူညံလာကြလေသည်..။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now