Part 4 (U)

141 21 0
                                    

ကြော်ငြာရိုက်ကူးရေးအတွက် ၀မ်ရိပေါ် ဒီနေ့1နာရီ flightဖြင့် Aနိုင်ငံဆီသွားရမည်မို့ ကျန်နေသေးသည့်နေ့လည်အတန်းတစ်ချိန်အတွက်ခွင့်တိုင်ဖို့ရုံးခန်းဘက်ဆီရှောင်းကျန့်ထွက်လာခဲ့သည်...။

၀မ်ရိပေါ်ကနိုင်ငံခြားရိုက်ကူးရေးခရီးစဥ်မှန်သမျှရှောင်းကျန့်မပါရင်မသွားတက်သူမို့ မိမိမှာထိုသခင်လေး၏တောက်တိုမယ်ရမန်နေဂျာအဖြစ်ကောက်ကောက်ပါအောင်လိုက်သွားရလေ့ရှိ၏..။

"ရှောင်းကျန့်ဘယ်လဲ"

စာသင်ခန်းထဲကအထွက်မေးသံတိုးတိုးကြောင့်လှည့်ကြည့်လိုက်တော့ ကျောပိုးအိတ်ကိုလွယ် ညာဘက်လက်ထဲမှာလည်းစာအုပ်အထူကြီးကိုပိုက်ထားပြီးဘယ်ဘက်လက်မှာနားကြပ်ကိုင်ထားသည့်ဖရိုဖရဲအခြေအနေနှင့် ယွီပင်း ကအဖြေကိုစောင့်နေဟန်ဖြင့်လှမ်းကြည့်နေ၏...။

"ရိပေါ် Aနိုင်ငံရိုက်ကူးရေးသွားရမှာမို့လိုက်သွားပေးရမှာ..အာ့ကြောင့်ဆရာ့ဆီခွင့်သွားတိုင်မလို့.."

လိုရင်းသာပြောပြီးသည်နှင့်လှည့်ထွက်လာခဲ့၏..။

တစ်လှမ်းချင်းထွက်ခွာသွားသည့်ကျောပြင်သေးသေးလေးကို ယွီပင်းတစ်ယောက်တမေ့တမောငေးကြည့်ပြီးနောက်မျက်နှာအောက်စိုက်ကာအောက်ထပ်ဆင်းလာခဲ့လိုက်သည်..။

ခွင့်တိုင်ပြီးနာရီကြည့်လိုက်တော့သွားဖို့လေယာဥ်ချိန်နီးနေပြီမို့ကျောင်းရှေ့ထွက်လာခဲ့စဥ်ကျောင်းထွက်ပေါက်ဘေးမှာမြင်ဖူးနေကျပြိုင်ကားအနီတစ်စီးကိုတွေ့လိုက်သည်မို့အားရပါးရပြုံးကာအပြေးအလွှားသွားလိုက်၏..။

"ရိပေါ် ငါ့လာကြိုတာလား..အ့ာ"

ကားမှန်ချထားသည်မို့ခေါင်းလျှို၀င်ကာပြုံးဖြီးဖြီးကြည့်ရင်းမေးတော့နဖူးပြင်အားလက်ညိုးနှင့်လက်မသုံးကာအသာတောက်လာ၏...။

"တက်တော့..သွားမယ်..လေဆိပ်ကိုမောင်း"

ကားတံခါးကိုဖွင့်ပေးကာကားပေါ်တက်ဖို့အေးစက်စက်အမိန့်ပေးရင်း စန်းလုံအားတဆက်တည်းပြောလိုက်၏...။

ဟမ် သူဘာအ၀တ်အစားမှမယူရသေးဘူးလေ။

ထိုအတွေးကိုပြောဖို့ဘေးကကိုငုတ်တုတ်ကိုလှည့်ကြည့်မိတော့ပြောမည့်စကားကိုသိဟန်ဖြင့်ဂိမ်းအဆော့မပျက်ပဲပြောလာသည်...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now