Part 14 (U)

78 9 0
                                    

အပိုင်း ၁၄

တစ်လခန့်ကြာပြီးနောက်

လေဆိပ်အတွင်းမှထွက်လာသောရှီးချန်အားမြင်လိုက်သည်နှင့်လက်ထောင်ပြကာရိပေါ်နှုတ်ဆက်လိုက်၏။

"ရောက်လာပြီလားရှီးချန်ကော..အခြေအနေကရော"

"လာ ကားထဲရောက်မှပြောမယ်..."

ဘေးဘီဆီအကြည့်၀ဲကာပြောလာသောရှီးရှန်ကောကြောင့်တစ်ခုခုထူးပြီမှန်းသိလိုက်၏။ထို့ကြောင့်ကားထဲသို့ခပ်သွက်သွက်၀င်ထိုင်လိုက်ပြီးစန်းလုံအားကားမောင်းဖို့မျက်ရိပ်ပြလိုက်၏။

"ဘာဖြစ်တာလဲ ကော"

"အခုတစ်လောပို့ကုန်ပစ္စည်းတွေမှန်သမျှဖြတ်လုတာခံနေရတယ်...လုရုံတင်မဟုတ်ပဲပါသွားသမျှလူအကုန်အသတ်ခံရတာတော်တော်ဆိုးတယ်..ပိုပြီးသံသယ၀င်စရာကောင်းတာကအမှာစာ၀င်လာတိုင်းဖြတ်သွားဖြတ်လာလမ်းနေရာအတိအကျနဲ့ကိုလုတာခံနေရတာ..."

သူ့အပြောအားနားထောင်ရင်းလက်ထဲကဖုန်းကိုလှည့်ကာစဥ်းစားနေသည့်ရိပေါ်အားကြည့်ပြီးရှီးချန်ငြိမ်သက်နေလိုက်၏။

"ကော မဟုတ်မှ မှာတဲ့သူကပြန်လုနေတာများဖြစ်နေမလား...လူပါသတ်တယ်ဆိုတော့အင်အားနည်းစေချင်တဲ့သဘောလား..ဒါမှမဟုတ် စိန်ခေါ်ချင်တာလား"

တွေးဆဆပြောလာတော့ ရှီးချန်ခေါင်းငြိမ့်ကာထောက်ခံလိုက်၏။

"ကောထင်တာလည်းအဲ့လိုပဲ,,,အရင်ကလည်းအဲ့လိုဖြစ်ခဲ့ဖူးတယ်လေ..အခုတစ်လောဆာမူတိုဆာဂိုဏ်းကလည်းပစ္စည်းမှာနေတော့သူတို့ပဲလုပ်နေတာလားလို့...ဒါပေမယ့်ကောတို့အထဲသူလျှိုထည့်ဖို့မလွယ်ဘူးနော်...ကော သေချာစစ်ပြီးလူလက်ခံထားတာ''

နှစ်ယောက်သားအတွေးကိုယ်စီနဲ့ကားအတွင်းလေထုဟာငြိမ်သက်လို့..။

"ဒီတစ်ခေါက်အမှာစာ၀င်လာရင်ကျွန်တော့်ကိုပြော ကော...အထင်နဲ့ဆုံးဖြတ်မနေပဲကိုယ်တိုင်ကိုယ်ကျစုံစမ်းကြည့်တာပေါ့..."

စကားဆုံးသည်နှင့်၀မ်အိမ်တော်ရှေ့သို့ကားလေးထိုးရပ်သွားလေ၏။ထိုအခိုက်အော်ဟစ်ကာပြေးလာသောပုံရိပ်လေးက၀မ်အိမ်တော်ခြံတံခါး၀ဆီရောက်လာလေ၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now