Part 8 (U)

98 11 0
                                    

ဘေးကနေသီချင်းတအေးအေးဖြင့်လိုက်လာသောလူအားကြည့်ရင်းယွီပင်းပြုံးလိုက်မိသည်...။

ရိပေါ်ကို၀မ်သခင်ကြီးလွှဲအပ်မည့်အရိပ်နက်အဖွဲ့၌သူသည်ခေါင်းဆောင်တစ်ယောက်ဖြစ်လေ၏...။

သားဖြစ်သူအားစောင့်ကြည့်ဖို့ရန်အတွက်သူ့အားဆေးကျောင်းအတူတူတက်စေသည့်ဝမ်သခင်ကြီးကဖခင်တစ်ယောက်လိုလေးစားဖွယ်ပင်။

တစ်ဉီးတည်းသာရှိသောအစ်မဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းဆွေမျိုးမဲ့မိဘမဲ့ဖြစ်နေသည့်သူ့အားလူတကာနှိပ်စက်ခံ၊နင်းချေခံဘဝမှကယ်ထုတ်ပေးခဲ့သည့်သခင်ကြီးအားဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ကျေးဇူးဆပ်ဖို့ဝန်မလေးခဲ့ချေ။

သို့ပေမယ့်ဝမ်သခင်ကြီးသည်သူ့အားသားတစ်ယောက်ပမာမြှောက်စားပြီးလက်ရုံးသဖွယ်ကိုယ်ခံပညာပေါင်းစုံကိုသင်ယူစေခဲ့၏။

ပညာစုံသည့်နောက်ပိုင်းခေါ်တွေ့ကာရိပေါ်နှင့်ရှောင်းကျန့်အားဘယ်အခြေအနေမှာဖြစ်ဖြစ်ကာကွယ်စောင့်ရှောက်ပေးဖို့အမိန့်ပေးလာခဲ့သည်။

ထို့နောက်အရိပ်နက်ခေါင်းဆောင်ရာထူးတံဆိပ်အားပေးအပ်ကာရိပေါ်အနားနေစေခဲ့၏။

ငယ်စဉ်ကတည်းကရှောင်းကျန့်အပေါ်ထားသည့်ရိပေါ်သံယောဇဉ်အရောင်အားမြင်တော့ဝမ်သခင်ကြီးတစ်ယောက်လက်မခံနိုင်ဖြစ်ကာခါးခါးသီးသီးတားမြစ်ခဲ့လေသည်။

သို့ပေမယ့်ရှောင်းကျန့်အနားကဝေးဝေးနေဖို့ဘယ်လိုပဲပညာပြနေပါစေရိပေါ်ကတဖဝါးမှပင်မခွာခဲ့ပေ။

ထိုသို့စောင့်ကြည့်နေရာမှရိပေါ်အားနည်းချက်ကရှောင်းကျန့်ဖြစ်နေတာကိုသိခဲ့ရသည့်အပြင်ရှောင်းကျန့်၏သန်မာထက်မြတ်လှသောစိတ်ဓာတ်ကိုပါသိလိုက်ရလေသည်။

ရိပေါ်နဲ့ပတ်သတ်ရင်ဘာအကြောင်းပဲဖြစ်ဖြစ်ဝမ်သခင်ကြီးအားမကြောက်မလန့်ပဲတည့်တိုးလာမေးတက်တာ၊ကြားလူတစ်ဦးဦးကြောင့်ဝမ်သခင်ကြီးကသူ့အပေါ်အထင်လွဲသွားခဲ့ရင်လည်းမျက်နှာချင်းဆိုင်ဖြေရှင်းခဲ့တာစသည့် ​ရှောင်းကျန့်၏မဟုတ်မခံစိတ်နဲ့မှန်မှန်ကန်ကန်နေတက်သော အချက်တွေကိုသိမြင်လာခဲ့သည့်နောက်ပိုင်းရိပေါ်ကိုပြောင်းလဲပေးနိုင်သူကရှောင်းကျန့်ဆိုတာကို ဝမ်သခင်ကြီးတစ်ယောက် တပ်အပ်သေချာသိသွားခဲ့ရ၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now