Part 7(U)

102 11 0
                                    


နှစ်သစ်ကူးည၏ကောင်းကင်ယံ၌တ၀ုန်း၀ုန်းတဖြောင်းဖြောင်းအသံတို့ဖြင့်ရောင်စုံမီးပန်းများကလှပစွာနေရာယူထားကြ၏...။

မိသားစုစုံစုံလင်လင်တွေ့ကာဆင်နွှဲနေကြသောလူတချို့လည်းရှိသလို ဝေးကွာနေသောချစ်သူခင်သူအားလုံးတို့အားလွမ်းဆွတ်ရင်းနှစ်သစ်ကူးညကိုဖြတ်သန်းနေကြသူများလည်းရှိ၏...။

ရှောင်းကျန့်အနေဖြင့်ကတော့ မိမိကိုယ်ပိုင်အခန်းလေး၏ကုတင်ပေါ်၌ဒူးနှစ်ဖက်ကိုထောင်ကာကွေးညွှတ်ထားပြီးထိုအပေါ်ကိုခေါင်းမှီတင်ရင်း လေ့ကျင့်ရေး၀င်သွားပြီဖြစ်သည့်တမ်းတဖော်လေးအားလွမ်းနေမိသည်...။

နှစ်သစ်ကူးညကိုတောင်ပျော်ရွှင်ခွင့်မပေးသော၀မ်သခင်ကြီးအားလည်းစိတ်ထဲကနေအလိုလိုဒေါသထွက်နေမိ၏...။

ရိုက်ကူးရေးအားလုံးကိုငြင်းပယ်ထားပြီမို့စန်းလုံရော ကိုယ်ရံတော်လော့လော့ပါလေ့ကျင့်ရေးဆီတစ်ပါတည်းပါသွားသည်မို့ရှောင်းကျန့်အားစောင့်ကြည့်နေမည့်သူမရှိ...။

ထို့ကြောင့် ဆုံးဖြတ်ချက်များကိုအကောင်အထည်ဖော်ဖို့အတွက် ၀မ်စံအိမ်တော်သို့ထွက်လာခဲ့လိုက်သည်...။

၀မ်အိမ်တော်နှင့်၀မ်စံအိမ်တော်ကအဝေးမဟုတ်သဖြင့်ခြေကျင်သာလျှောက်လာခဲ့လိုက်၏...။

၀မ်စံအိမ်တော်ရှေ့ရောက်သည်နှင့်တံခါးစောင့်က၀မ်သခင်ကြီးထံသတင်းပို့ပေးနေသဖြင့်ရပ်စောင့်နေရသည်..။

"၀င်လာခဲ့ပါတဲ့ ကျန့်ကျန့်"

တံခါးစောင့်၏စကားအဆုံး၌ရှောင်းကျန့်ရှေ့မှတံခါးသည်လည်းအလိုလိုပွင့်သွားလေသည်...။

၀မ်သခင်ကြီးကိုငယ်ငယ်ကတည်းကရှောင်းကျန့်မကြောက်မိချေ..။

ဖြစ်သင့်တာကိုလည်းပြောရဲသလိုဖြစ်ချင်တာကိုလည်းမရရအောင်​တောင်းဆိုရဲသည်...။

အပေးအယူရှိပေမယ့်လို့ပေါ့..။

အိမ်ထဲ၀င်လိုက်သည်နှင့်အပေါ်ထပ်လှေကားဆီမှတရွေ့ရွေ့ဆင်းလာသောအမျိုးသမီးတစ်ယောက်ကြောင့်မျက်နှာကိုအသာမဲ့ပစ်လိုက်မိသည်...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now