Part 9 (U)

90 11 3
                                    


အပိုင်း၉

တစ်နေ၀င်တစ်လဆန်းတစ်နေ့တာတစ်နေ့ပြောင်းခဲ့ပြီးနောက်ရှောင်းကျန့်တစ်ယောက်လေ့ကျင့်ရေး၀င်ခဲ့တာလ၀က်ကျိုးသွားခဲ့ပြီ။

အချိန်တွေကုန်လာတာနဲ့အမျှကိုယ်ခံပညာအတွက်ပြင်းထန်သောလေ့ကျင့်ရေးပိုင်းကပြီးသွားခဲ့ပြီမို့ယခုတော့လက်နက်အမျိုးအစားပေါင်းစုံတို့ကိုမှတ်သားရင်းကျွမ်းကျွမ်းကျင်ကျင်ကိုင်တက်ဖို့သင်ယူလေ့ကျင့်နေရလေ၏။

"နားအုံးလေရှောင်းကျန့်"

လက်နက်တပ်ဆင်နေသည့်စားပွဲနားထိလျှောက်လာကာကော်ဖီတစ်ခွက်ကိုဘေးနားချပေးရင်းပြောလာသည့်ယွီပင်းအားလှည့်မကြည့်ပဲမေးလိုက်၏။

"ဘယ်အချိန်ရှိသွားပြီလဲယွီပင်း"

"ည၁၀နာရီခွဲပြီ"

လက်မှလက်ပတ်နာရီအားဖြုတ်ကာတစ်စစီဖြုတ်ထားသည့်သေနပ်အားဖြုတ်ချည်တပ်ချည်လုပ်နေသောသူ့မျက်စိရှေ့တည့်တည့်ချပေးရင်းပြောလာတော့လက်ထဲမှပစ္စည်းတို့အားစားပွဲပေါ်ပစ်ချကာလက်နှစ်ဖက်အားမြှောက်ပြီးအကြောဆန့်ပစ်လိုက်၏။

"အိုက်ယား ညတောင်ရောက်သွားပြီလား"

"အင်း...ဆိုတော့ကားဒီနေ့တော့အိပ်ယာဆီပြန်အိပ်သင့်ပြီထင်တာပဲ"

အမိန့်လည်းမပေးရဲသည်မို့မကျေမနပ်ဆိုလာသူအားရှောင်းကျန့်ကြည့်ကာရယ်နေမိသည်။

"ဒီနေ့ပါပဲ မနက်ဖြန်ကနေစပြီးစစ်ဆေးရေးရှိတယ်လေ...ဒီသေနပ်ကိုပြန်တပ်တာမှန်းထားတဲ့အချိန်ထက်ပိုနေလို့ထပ်လေ့ကျင့်ဖို့လိုတယ်..."

ယွီပင်းသက်ပြင်းသာချမိလိုက်တော့သည်။​ရှောင်းကျန့်နားနားနေနေလုပ်ဖို့သူလည်းပြောမနိုင်သလိုရိပေါ်သည်လည်းအကိုရှီးချန်စကားနားမထောင်လို့သူတို့အချင်းချင်းရင်ဖွင့်ရတာနေတိုင်းလိုလိုပင်။

ကြာတော့နှစ်ဦးသားကိုထိပ်တိုက်တွေ့ပေးပြီးသာအချင်းချင်းထိန်းခိုင်းလိုက်စေချင်တော့တယ် တကယ်။

ထိုသို့လုပ်ရအောင်လည်း၀မ်သခင်ကြီးအားကြောက်ရပြန်သေးသည်မို့သက်ပြင်းအကြိမ်ကြိမ်ချနေရုံသာ...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now