Part 20 (U)

69 5 0
                                    

အပိုင်း ၂၀

Uနိုင်ငံTမြို့၏အရှေ့တောင်ဘက်အစွန်းရှိကမ်းခြေနှင့်အလှမ်းမဝေးသောကျွန်းတစ်ခုပေါ်၌ရွာတစ်ရွာရှိလေ၏။

ကျွန်းတစ်ခုလုံးအပေါများဆုံးက၀ါးပင်များဖြစ်သည့်အလျောက်နေအိမ်များသည်လည်း၀ါးကပ်မိုး၀ါးလုံးကာအိမ်များသာဖြစ်လေသည်..။

ရွာအမည်သည် အမည်မဲ့ခုံလှုံခြင်းရွာ ဟူ၏။

ရွာနာမည်ဟာထူးဆန်းသလို နေထိုင်သူတွေသည်လည်းအလွန်ပင်ဆန်းကြယ်သည်..။

အိမ်တိုင်းလိုလိုလူတစ်ယောက်သာရှိကြပြီးတစ်အိမ်နှင့်တစ်အိမ်တစ်ယောက်နဲ့တစ်ယောက်လည်းအခေါ်အပြောမရှိကြချေ။

တစ်ယောက်တည်းနေပြီးတစ်ယောက်တည်းသေသွားကြရသည်..။ထိုသို့သေသွားသောအခါမှသာရွာအလယ်အိမ်တွင်နေသောလူကအလှည့်ကျယောကျ်ားသားနှစ်ယောက်ကိုခေါ်ယူ၍လူသေအလောင်းအားမြုပ်နှံသဂြိုလ်ပေးရ၏။

အလှည့်ကျခေါ်သူတွေသည်လည်းတွက်ကတ်ခြင်းအလျင်းမရှိသလိုကိုယ့်အလှည့်ကိုယ်မှတ်ထားဟန်တူ၏။အဘယ်ကြောင့်ဆိုသော် အိမ်တစ်အိမ်မှာလူသေလျှင်တကူးတကသွားခေါ်စရာပင်မလို..။အလှည့်ကျယောကျ်ားသားနှစ်ယောက်စလုံးအလိုက်တသိအလိုအလျောက်ရောက်လာတက်ကြသည်...။

သို့သော်လည်းစကားအပြောအဆိုမရှိပဲကိုယ့်အလုပ်ကိုတာ၀န်ကျေအောင်လုပ်ပြီးအချိန်တန်အိမ်ပြန်သွားကြသည်မှာလည်းအကျင့်တစ်ခုလိုပင်...။

ဟင်းသီးဟင်းရွက်စားပင်သီးပင်များစိုက်ပျိုးကြပြီးကမ်းပေါ်သို့သွားကာရောင်းချစီးပွားလုပ်ကြသည်...။အသားအဖြစ်အများဆုံးစားသည်မှာအလွယ်တကူရသောငါးများသာဖြစ်လေ၏။

အကယ်၍ဒီကျွန်းမှာနေသူကချစ်သူဖြစ်စေလက်တွဲဖော်ဖြစ်စေရသွားပါကကျွန်းမှထွက်သွားရပြီးနောင်တစ်ချိန်တစ်ယောက်တည်းပြန်ဖြစ်သွားပါကဤကျွန်းဆီပြန်လာနေလို့ရလေ၏။

ဤကျွန်း၌နေဖို့အရေးအဓိကအချက်သည် တစ်ယောက်တည်းဖြစ်ပြီးခုံလုံရာမဲ့နေဖို့သာ..။

အဖော်တွေ့သဖြင့်ထွက်သွားလို့အပြစ်မတင်သလို နောင်တစ်ချိန်ပြန်လာနေရင်လည်းအပြစ်မတင်ကြချေ..။သူများအရေးကိုယ်နဲ့မဆိုင်သလိုသာ...။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now