Part 19 (U)

58 8 1
                                    

အပိုင်း ၁၉

ရေချိုးပြီးပြီးချင်းBathrobeတစ်ထည်ကိုသာကိုယ်၌ပတ်ထားရင်းအိပ်ယာဘေးစားပွဲအသေးပေါ်ရှိ၀ိုင်ပုလင်းကိုဖောက်၍ဖန်ခွက်တစ်၀က်မျှအထိထည့်လိုက်၏။ထို့နောက်ဖန်ခွက်ကိုယူကာပြတင်းပေါက်ဘေးရပ်ရင်းဖုန်းထုတ်၍Weiboထဲ၀င်ကြည့်လိုက်သည်..။

followထားသောတစ်ဦးတည်းသောလူ၏Postများကိုမြင်ပြီးနောက်weiboကနေပြန်ထွက်ကာစန်းလုံထံဖုန်းခေါ်လိုက်၏။

"ဟလို သခင်လေး"

"စန်းလုံ...ရှောင်းကျန့်မွေးပေးခဲ့တဲ့ကလေးဆီကိုသွားဖို့တစ်ယောက်လွတ်လိုက်...ပြီးရင် ငါခိုင်းတဲ့အတိုင်းလုပ်ပေး.."

ထိုသို့ပြောပြီးဖုန်းချကာ၀ိုင်အားတစ်ငုံချင်းသောက်နေလိုက်၏။
.......

တစ်လတောင်ပြည့်သွားပြီပဲ...။

နယ်ကွင်းဆင်းကုသမှုသွားခဲ့တာရော...ရိပေါ်နဲ့စကားမပြောဖြစ်တာရော တစ်လကြီးများတောင်ကြာသွားခဲ့ပြီ...။

ရိပေါ်ကပြန်လည်းမလာသလို သူ့ထံသို့ဖုန်းပင်မဆက်လာချေ..။

နေနိုင်ရက်သူရယ်လို့လည်း မပြောချင်..။

ဒါပေမယ့်ရှောင်းကျန့်စိတ်ထဲမှာတော့အရူးတပိုင်းလိုဖြစ်နေပြီ..။

ရိပေါ်ကသူ့ဆီပြန်လာကောင်းပါရဲ့..။

ကွင်းဆင်းကုသမှုအနေဖြင့်နောက်ထပ်တစ်ပတ်ခန့်မျှဆင်းပြီးသည်နောက်ဆေးရုံသို့ပြန်ကြရတော့မည်..။

ဒီနေ့ကုသမှုမရှိသောနားရက်မို့ရှောင်းကျန့်အားနေသည်..။ထို့ကြောင့် တစ်လောကမွေးပေးခဲ့သောကလေးဆီအလည်သွားဖို့ဆုံးဖြတ်ထား၏။

နာရီကြည့်တော့ မနက်၇နာရီထိုးနေပြီမို့ဖုန်းအားပိတ်လိုက်ပြီးအိပ်ယာမှအမြန်ထကာရေချိုးလိုက်၏။ယွီပင်းနဲ့သွမ့်ကောကတော့ဘယ်အချိန်ကအိပ်ယာထသွားပြီးဘယ်သွားကုန်ကြတယ်မသိ..။

"အေ့..ဆရာရှောင်းဘယ်သွားမလို့လဲ"

ကလေးအတွက်နို့မှုန့်ဗူးတွေ မိခင်အတွက်အားဆေးတွေစသည့်အထုတ်ပလုတ်တွေအားဆွဲပြီးတဲအတွင်းမှထွက်လာတော့ရွာလူကြီးကမေးလာ၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now