Part 16 (U)

152 12 1
                                    

Aနိုင်ငံရှိကြယ်ငါးပွင့်ဟော်တယ်အတွင်း၌ ပါတီတစ်ခုကျင်းပနေ၏။ထိုပါတီအတွင်း ကပွဲစင်မြင့်ထက်၌သာယာသောတယောသံနောက်ကိုစီးမြော၍တွဲဖက်ကနေသောစုံတွဲများသည်လည်းရှိ၏။

"နိဟောင်..၀မ်သခင်လေး နိဟောင် လော့မိန်းကလေး"

အလင်းနယ်ပယ်အသီးသီး၏ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များကလာရောက်နှုတ်ဆက်နေသည်အား ရိပေါ်စိတ်မပါလက်မပါတုံ့ပြန်နေမိ၏။

အတွေးထဲမှာတော့ တတူတူ၀င်လာနေသည့်လက်ထဲကဖုန်းဆီမှာရောက်နေ၏။

ဒီပွဲကိုတက်ဖို့အစီအစဥ်မရှိဘဲရှောင်းကျန့်ကိုရှောင်ချင်ရုံသက်သက်မို့စိတ်မပါပေ..။

ကိုယ့်ကိုစိတ်ဆိုးနေပြီလား ရှောင်းကျန့်...။

ကိုယ်တောင်းပန်ပါတယ်..။

မင်းမထိခိုက်ဖို့ဆုံးဖြတ်လိုက်ရတာမို့ ရှေ့လျှောက်မင်းရဲ့မျက်ရည်တွေကိုငါဥပေက္ခာပြုနိုင်ဖို့ကြိုးစားရအုံးမယ်...။

ဘာလိုဖြစ်ဖြစ် မင်းကငါ့ရဲ့တစ်ဦးတည်းသောမစ်စ်၀မ်လေးပါပဲ..။

လက်ထဲက၀ိုင်ခွက်ကိုစားပွဲပေါ်ချလိုက်ရင်းသက်ပြင်းသဲ့သဲ့ကိုမှုတ်ထုတ်ကာ ဖုန်းကိုယူ၍ Answer ခလုတ်ကိုနှိပ်လိုက်၏။

"ဟလို ရိပေါ် ငါ"

"မင်းတော်တော်အားနေလားရှောင်းကျန့်.."

ဒေါသထွက်ဟန်ဆောင်ကာ​ပစ်ပစ်နှစ်နှစ်ပြောဖို့ပြင်နေစဥ် သူ့ရှေ့ရပ်ကာမိတ်ဆက်ပေးချင်သူရှိကြောင်းမျက်ရိပ်မျက်ကဲပြလာသည့်လော့မူစုန့်ကြောင့် ဖုန်းကိုနားဖြင့်အနည်းငယ်ခွာကာစကားပြန်ရသေး၏။

"ခဏလေးပါလော့မိန်းကလေး ဖုန်းချပြီးရင်လာခဲ့မယ်..."

"အိုကေ"

လော့မူစုန့်လှည့်ထွက်သွားသည်နှင့်ဖုန်းကိုနားနားပြန်ကပ်လိုက်၏။သို့သော် တစ်ဖက်လူမှာဖုန်းချသွားလေပြီ..။

"ဟလို...ဟလို..ဟာကွာ...ကျစ်"

စိတ်တိုစွာဖုန်းကိုပစ်ထုတ်လိုက်၏။

၀မ်ရိပေါ် ဒီအခြေအနေကိုမင်းလိုချင်ခဲ့တာမလား...အခုမင်းလိုချင်သလိုရနေပြီလေ....။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now