Part 6 (U)

141 22 1
                                    

Hotel ပြန်ရောက်သည်နှင့်ရေချိုးပြီးနောက်ကျောဆန့်ကာနားမနေနိုင်ပဲပစ္စည်းတချို့အားသိမ်းဆည်းရင်းမနက်ပြန်ဖို့ပြင်ရပြန်သည်..။

ဆရာ၀န်ဘွဲ့ရဖို့လပိုင်းခန့်သာလိုတော့သည်မို့နှစ်ယောက်လုံးအတန်းချိန်သိပ်ပျက်လို့မရတော့ချေ...။

ထို့ကြောင့်ရိပေါ်အတွက်ရော မိမိအတွက်ပါအဆင်ပြေစေဖို့ ဒီနှစ်အတွက်ဒီရိုက်ကူးရေးဟာနောက်ဆုံးအဖြစ်လက်ခံထားခြင်းပင်ဖြစ်သည်...။

"ဒေါက် ဒေါက် ရှောင်းကျန့် ထွက်လာ"

ထိုပြောသံအဆုံးလက်ထဲကအင်္ကျီကိုကုတင်ပေါ်အမြန်ပစ်ချကာခပ်သုတ်သုတ်ထွက်ကြည့်တော့ Elevatorထဲ၀င်သွားသည့်ကျောပြင်ကျယ်တစ်ခုကိုသာလှမ်းမြင်လိုက်ရသည်...။

Elevatorတံခါးမပိတ်အောင်ခလုတ်နှိပ်ထားရင်းစောင့်နေသည်မို့​အပြေးလိုက်၀င်ကာဆင်းမည့်​အလွှာကိုနှိပ်ဖို့ပြင်လိုက်သည်...။ထိုအခါမှတစ်စုံတစ်ခုပါမလာသည်ကိုသတိထားမိလိုက်၏...။

အိုက်ယား မျက်ကပ်မှန်တက်မလာမိပြန်ဘူး...ပြီးတော့ရိပေါ်ကဘယ်သွားမှာလဲသူမသိဘူးလေ...အဲ့တော့သူဘယ်အလွှာနံပါတ်ကိုနှိပ်ရမှာလဲ။

အမြင်မကောင်းသည်မို့အနီးကပ်စိုက်ကြည့်ရသဖြင့်အလွှာနံပါတ်တွေရှိသည့်နေရာနှင့်မျက်နှာထပ်လုမတက်ဖြစ်နေသူ၏ကျောပြင်အားကြည့်ရင်း ၀မ်ရိပေါ်ကြိတ်ရယ်လိုက်မိသည်...။

မျက်ကပ်မှန်တပ်မလာပြန်ဘူး...။

နေပါအုံး..Elevatorထဲရောက်ရင်သူပဲခလုတ်နှိပ်ရမယ်လို့ရှောင်းကျန့်ကိုဘယ်ဘုရားကအမိန့်ပေးထားလို့လဲ...။

ဘယ်နေရာကိုပဲသွားသွားelevatorထဲ၀င်သည်နှင့်ထိုခလုတ်တွေနားကပ်နေကာ Elevatorထဲသို့၀င်လာသမျှလူတိုင်း၏သွားလိုရာအလွှာနံပါတ်ကိုဒိုင်ခံနှိပ်ပေးလေ့ရှိသော ရှောင်းကျန့်၏ထိုအကျင့်ကိုသူပြင်ပေးရအုံးမည်..။

"ဖယ် မမြင်ရတာကိုအတင်းဖြဲကြည့်နေတယ် ကလေးလိုပဲ..."

"ဖြစ်ရလေ ငါကသူ့အရင် ၂နှစ်စောပြီးလူဖြစ်လာတာပါနော်...ဘာကလေးလဲ...သူကသာကလေးလိုလို ခွေးပေါက်လေးလိုလို...အကုန်သေးသေးလေး....ပြိုင်မလားမေးပစ်လိုက်ချင်တယ် ဟမ့် ငါ့လက်မောင်းမှာကြက်ဥတွေပေါ..."

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now