Part 2 (U)

219 22 0
                                    

"မြန်မြန်မောင်းပေးပါလို့ မြန်မြန်"

အငှားကား၏နောက်ခန်းမှာထိုင်ဖင်တကြွကြွလုပ်ကာကားဆရာအားတကျီကျီလုပ်နေတော့ ကားသမားကားနောက်ကြည့်မှန်ကနေမကျေမနပ်ကြည့်လာသည်မို့ ရှောင်းကျန့် ဟီးကနဲရယ်ပြလိုက်သည်...။

မနေ့ညကပန်းချိီထိုင်ဆွဲနေရင်းမနက်၁ချက်ထိုးသွားသည်မို့ပုံမှန်အချိန်မနိုးပဲကျောင်းနောက်ကျနေသည့်အတွက်မနက်စာပင်မစားတော့ပဲကသုတ်ကရက်အပြေးလာရသည်...။

ဘုကလန့်သခင်လေး၏ဆိုင်ကယ်ကိုဂိုဒေါင်ထဲမတွေ့သည်မို့ကျောင်းသွားပြီမှန်းသိလိုက်၏..။

မိမိအားထိုသခင်လေးလာနှိုးဖို့မဖြစ်နိုင်သလို ထိုသခင်လေးဆိုင်ကယ်နောက်လည်းထိုင်မစီးရဲချေ..။

၀မ်ရိပေါ်ဆိုင်ကယ်နောက်လိုက်မည့်အစား ခြေလျင်သာပြေးလိုက်ချင်၏..။

ကျောင်းပေါက်၀ကိုလှမ်းမြင်နေရသည်နှင့်ပိုက်ဆံထုတ်ကာနောက်ခုံကနေကားမောင်းသူဘေးကခုံပေါ်လှမ်းတင်ရင်းအဆင်သင့်ဆင်းဖို့ပြင်နေလိုက်သည်...။

"ပြန်မအမ်းနဲ့တော့ ကျေးဇူးဦးဦး"

ငွေပြန်မအမ်းဖို့ပြောရင်းကျောင်းလုံခြုံရေးဆီပြေးတော့ရောက်ခါနီးမှကားဆီပြန်ပြေးလာကာ ပိတ်ဖို့မေ့နေသည့်ကားတံခါးကလက်ကမ်းကာတွန်းပိတ်ပေးလိုက်ရပြန်သည်...။

မိမိကျောင်းသားကတ်လုံခြုံရေးလက်ထဲရောက်သွားမှလုံခြုံရေးတဲဘေးငုတ်တုတ်လေးထိုင်ချကာအမောဖြေရသည်...။

ကျောင်းပေါက်၀ဆီမှ ၀င်လိုက်ထွက်လိုက်ဖြစ်နေသည့်ကိုပြာတာလေးအားနှစ်ထပ်ဆောင်၀ရံတာဘောင်ပေါ်တက်ကာတိုင်လုံးအားမှီထိုင်ရင်း၀မ်ရိပေါ်လှမ်းကြည့်နေလိုက်၏...။

မနေ့ညက၁နာရီထိုးသည့်အထိရှောင်းကျန့်၏အခန်းမီးလင်းနေသည်မို့ မီးပိတ်သည့်အထိစောင့်ရင်းအပိုယူထားသည့်သော့ဖြင့်အခန်းအားဖွင့်ကာပုံမှန်ထချိန်ပေးထားသည့်နှိုးစက်အားပိတ်ခဲ့လိုက်၏...။

ထို့နောက်မနက်လင်းတော့လည်းအိပ်ရေးမ၀မှာစိုးသည့်အတွက်၀င်မနှိုးတော့ပဲကျောင်းတက်ချိန်၉နာရီမထိုးမှီနာရီ၀က်အလိုမှသာနှိုးပေးဖို့အိမ်အကူတစ်ယောက်အားမှာခဲ့လိုက်သည်..။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now