Part 17 (U)

80 8 0
                                    

အပိုင်း ၁၇

weiboမှnotiသံကြောင့်၀ိုင်ခွက်ကိုစားပွဲပေါ်ချလိုက်ပြီးအိပ်ယာပေါ်ရှိဖုန်းအားယူကာရိပေါ်ဖွင့်ကြည့်လိုက်၏။

wang groupအပိုင်ဘတ်စ်ကားပုံအားရိုက်ကာတင်ထားသောရှောင်းကျန့်ပိုစ့်ကြောင့်သိချင်စိတ်ဖြင့်သွမ့်လုံဟန်ဆီဖုန်းခေါ်ဖို့လက်ကအလိုလိုရောက်သွားရ၏။

ထို့နောက်မနှိပ်မိခင်မှာပဲကိုယ့်စိတ်ကိုထိန်းကာဖုန်းအားကုတင်ပေါ်ပစ်တင်လိုက်၏။

ငါသိနေလည်းဘာထူးတော့မှာလဲ...နေလက်စနဲ့နေပါစေတော့...စိတ်ထဲကပဲလွမ်းရရင်ငါကျေနပ်ပြီ...။
.........
၄နာရီခန့်ကြာပြီးနောက်မှာတော့ ရှောင်းကျန့်တို့အဖွဲ့သည် သွားလိုသောကွင်းဆင်းဆေးနယ်မြေသို့ရောက်လာခဲ့လေပြီ...။

ကွင်းဆင်းနယ်မြေဆိုသည့်အတိုင်းရွာထိပ်၌ရှိသောကွင်းပြင်ကျယ်ကြီးမှာတဲကြီးတဲငယ်အများအပြားထိုးကာနေထိုင်စရာအဖြစ်ပြင်ပေးထား၏။

ကိုယ်စားပြုဆေးရုံက အဖွဲ့လေးဖွဲ့ရှိသည်မို့ အမိုးအကာတို့အားအရောင်လေးမျိုးဖြင့်ခွဲခြားပေးထား၏။

"ဟော...ဆရာတို့ရောက်လာကြပြီလား..."

အပြေးရောက်လာကာလက်ကမ်းကြိုဆိုနေသောအသက်၅၀ကျော်လူကြီး၏လက်ကိုပြန်ကမ်းဆုပ်ကိုင်ရင်း သွမ့်လုံဟန်နှုတ်ဆက်လိုက်၏။

"Wang Grpupကိုယ်စားပြုအဖွဲ့ပါ...သွမ့်လုံဟန်လို့ခေါ်ပါတယ်...စောင့်ရှောက်ပေးပါအုံး..."

"ကျွန်တော်ကဒီရွာလူကြီးပါ...စုချင်လို့ခေါ်ပါတယ်..နေရာလိုက်ပြပေးပါ့မယ်...ကြွပါ"

ကိုယ့်အိတ်ကိုယ်ဆွဲကာရွာလူကြီး၏နောက်သို့ဖြည်းဖြည်းလိုက်သွားကြသည်..။

"အ၀ါရောင်တဲကWang Groupကိုယ်စားပြုပါ...တဲတစ်လုံးကိုလေးယောက်နေဖို့ပြင်ပေးထားပါတယ်...၀င်ကြည့်ပြီးလိုအပ်တာရှိရင်ပြောပါ...ကုသရေးကိုတော့မနက်ဖြန်နေ့လည်ပိုင်းမှစတင်ပါ့မယ်...ဒီနယ်တ၀ိုက်ရွာတွေအားလုံးကလူတွေလာမှာမို့လူနာများပါ့မယ်..."

ရွာလူကြီးအပြောအားသွမ့်လုံဟန်ခေါင်းငြိမ့်လက်ခံလိုက်၏။

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now