Uni"လိုက်...လိုက်...မလွတ်စေနဲ့..."
Yမြို့တော်၏မြို့လည်ကောင်၌ပြေးလွှားနေကြသောလူတစ်စု....။လူတစ်ယောက်နှင့်လူတစ်စုဟုပြောလျှင်ပိုမှန်လိမ့်မည်...။
တကိုယ်လုံးကိုအနက်မှောင်မှောင်တွေသာဆင်ယင်ထားသောလူငယ်ပုံစံလူတစ်ယောက်ကရှေ့မှာပြေးနေပြီးကင်မရာကိုင်ထားသည့်လူလေးငါးယောက်တစ်စုသည်လည်း ထိုလူငယ်နောက်ထပ်ကြပ်မကွာစေပဲအသည်းအသန်ပြေးလိုက်လျှက်...။
ပါးစပ်ကလည်းအချင်းချင်းအားပေးသယောင်အမှီလိုက်ဖို့တိုက်တွန်းသံတွေကတညံညံ....။
"တောက်...မောလိုက်တာကွာ...F***...."
တစ်ယောက်တည်းပြေးလွှားရင်း တီးတိုးရေရွတ်သံနဲ့အတူ ကြိမ်းမောင်းဆဲဆိုသံကတွဲလျှက်သား....။
"လိုက်...လိုက်...ခဏလေးဖယ်ပေးပါ...ခဏလေးဖယ်ကြပါ....မလွတ်စေနဲ့ ဟေ့ကောင်တွေ..."
လူအုပ်ကြားထဲတွန်းထိုးပြေးလွှားမှုကြောင့် ပုံမှန်သွားလာနေသူတို့အယိုင်ယိုင်အနဲ့နဲ့...။ထိုအခိုက်အတန့်မှာတော့ထိုယိုင်နဲ့နဲ့လူတချို့မျက်နှာမှာ အဓိပ္ပါယ်အမျိုးမျိုးပေါ်နေ၏...။
တချို့ကဘာဖြစ်တာလဲဆိုသည့်အမေးဆောင်သောမျက်နှာတွေနဲ့...။
တချို့ကတော့မကျေမနပ်ဆဲဆိုသံတွေနဲ့...။
ပြေးလွှားနေသောလူတချို့ကတော့ ထိုသို့သောလူတချို့အားဂရုစိုက်နေဖို့မအားသယောင်ဆက်လက်ပြေးလွှားနေကြဆဲပင်ရှိချေ၏...။
တစ်ဖက်လမ်းသို့ကူးရန်မျဉ်းကြားအရောက် အနည်းငယ်အလှမ်းဝေးနေသောကင်မရာကိုင်လူတစုကိုတစ်ချက်ကြည့်ပြီးခပ်သုတ်သုတ်ပြေးကာတစ်ဖက်မှာရပ်ထားသော Taxiပေါ်၀င်ထိုင်လိုက်၏....။
"မြန်မြန်မောင်းပေးပါကားဆရာ...တောင်းသလောက်ပေးပါ့မယ်..."
လက်ထဲမှပိုက်ဆံအိတ်ကိုဇစ်ဆွဲဖွင့်ကာပိုက်ဆံများကိုပြလိုက်ပြီးအမြန်မောင်းပေးဖို့ပြောလိုက်မှခေါင်းတဆတ်ဆတ်ငြိမ့်ပြကာလေအလျှင်လိုမောင်းထွက်လာသည့်ကားကြောင့်ဟူးကနဲသက်ပြင်းချကာအမောဖြေလိုက်မိသည်...။
YOU ARE READING
မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)
Fanfictionမွေးနေ့မှာပျော်ရွှင်ပါစေ ငါ့ရဲ့မစ်စ်၀မ်လေး..။ ၀မ်ရိပေါ် ဘုရားပေးတဲ့ဆုလာဘ်ကိုမလိုချင်ဘူးရိပေါ်..မင်းပေးတဲ့ဆုလာဘ်အဖြစ်သာငါ့ကိုမင်းနောက်ကတကောက်ကောက်လိုက်ခွင့်ရှိတဲ့အရိပ်လေးပဲဖြစ်ခွင့်ပေး...။ ရှောင်းကျန့် Start Date 15.11.22 End Date................. ပထ...