Part 15 (U)

83 11 0
                                    

အပိုင်း ၁၅

လူအများလာရောက်လည်ပတ်၀ယ်ယူလေ့သောCနိုင်ငံ၏တတိယမြောက်အကြီးဆုံးစင်တာ အတွင်း၌ကြော်ငြာရိုက်ကူးရေးရှိနေသည့်အတွက် လေးထပ်မြောက်အား၀င်ခွင့်ပိတ်ထားလေ၏။

သို့သော်လည်းရိုက်ကူးရေးကြော်ငြာမင်းသားသည်၀မ်ရိပေါ်ဖြစ်နေသည့်အတွက် စျေး၀ယ်စင်တာအထပ်တိုင်း၏စင်္ကြံ၌Fan girl fan boyအများအပြားဖြင့်လူတိုးမပေါက်ပဲရှိနေသည်..။

ထို့အပြင် ထိုလေးထပ်မြောက်မှာပဲနောက်ထပ်မင်းသားတစ်လက်၏ဇာတ်လမ်းရိုက်ကူးရေးကလည်းရှိနေသေးသည်..။ထိုမင်းသားကတော့ဖြင့် ချန်းချင့်ရီဖြစ်၏။

ရိပေါ်ရိုက်နေသည့်ဖုန်းကြော်ငြာကနောက်ခံအရောင်၅မျိုးဖြင့်ထုတ်ထားသည့်အတွက်  အင်္ကျီအရောင်ငါးမျိုးအားရှောင်းကျန့်ပြင်ထားရ၏။

ဆေးရုံအလုပ်သင်ကာလ၌ပုံမှန်နားရက်ရယ်လိုမရှိ..။သွားစရာကိစ္စရှိလျှင်အချင်းချင်းဂျူတီလဲကာသွားရသည်..။ထိုသို့သွားသော်လည်းစီနီယာတွေကအလုပ်မနိုင်လို့ဖုန်းဆက်ခေါ်လျှင်ချက်ချင်းအပြေးသွားရပြန်သေး၏။

ဒီတစ်ပတ်ကြော်ငြာရိုက်ကူးရေးကိုရှောင်းကျန့်မပါရင်မသွားဘူးဟူ၍ဂျစ်တိုက်နေသူကြောင့်ယွီပင်းနှင့်ဂျူတီလဲကာကောက်ကောက်ပါအောင်လိုက်လာခဲ့ရ၏။

အရင်တစ်ပတ်ကညပိုင်းကြော်ငြာရိုက်ကူးရေးကိုလည်းရှောင်းကျန့်လိုက်မသွားဖြစ်သည်မို့ ဒီတစ်ပတ်ငြင်းရင် ရိပေါ်စိတ်ဆိုးတော့မည်မှာအသေချာပင်..။

"ရှောင်းကျန့်.."

ဒုတိယဖုန်းကြော်ငြာဓာတ်ပုံအတွက်အင်္ကျီအရောင်နှင့်လိုက်ဖက်မည့်အ၀တ်အစားရွေးနေစဥ်နောက်ပါးဆီမှခေါ်သံ​ကြားသော်လည်းလှည့်မကြည့်ပဲမကြားဟန်ဆောင်နေလိုက်၏။

လမ်းတွေ့ရင်တောင်မခေါ်ပါနဲ့ပြောထားတာကို ဒီမအေဘေးကတော့...။

"ရှောင်းကျန့်..ပြောစရာရှိလို့..."

ထပ်ပြောလာသော်လည်းမကြားယောင်ဆောင်ကာစကားမပြန်မိ..။

"ရှောင်းကျန့်..တကယ်ပြောစရာရှိလို့..ရိပေါ်အကြောင်းပြောချင်တာ..."

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now